မိုးမခတောထဲက သတင်းအပိုင်းအစများ
မြန်မာပြည်က သို့လောသို့လော တွေးစရာ ကြော်ငြာတချို့
အဝေးကြည့်မှန်ပြောင်း
စက်တင်ဘာ ၂၁၊ ၂၀၀၉
သိပ်မကြာသေးခင်က ဆယ့်တစ် မီဒီယာ ဂရု (Eleven Media Group) ရဲ့ Weekly Eleven ဂျာနယ်မှာ စိတ်ဝင်စားစရာ ကြော်ငြာတခု တွေ့ရပါတယ်။ IBTC ကုမ္ပဏီရဲ့ အရက်စက်ရုံ မီးလောင်သွားတဲ့အတွက် ကြော်ငြာဖိုး ပေးရမယ့် အကြွေး ၈၅ သိန်းကို ပေးစရာ မလိုတော့ဘူး လို့ ပြောပါတယ်။ ဒါတင် မဟုတ်သေးပါဘူး၊ ဒီလ နဲ့ ရှေ့လ အရက်ကြော်ငြာတွေကို "အခမဲ့ ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်" တဲ့ ခင်ဗျ။မြန်မာပြည်က သို့လောသို့လော တွေးစရာ ကြော်ငြာတချို့
အဝေးကြည့်မှန်ပြောင်း
စက်တင်ဘာ ၂၁၊ ၂၀၀၉
တန်ဖိုးကြီး စက်ပစ္စည်းတွေနဲ့ အရက် ဂါလံပေါင်းများစွာ မီးလောင်သွားတဲ့ ကုမ္ပဏီ အတွက် အားရှိစရာပေါ့ဗျာ။ စက်ရုံမီးအတွက် အာမခံဌာနကလည်း ပေးလျော်ဦးမယ်လို့ မြန်မာတိုင်းမ်စ် ဂျာနယ် သတင်းတပုဒ်က ဆိုပါတယ်။ အရက်စက်ရုံမီးကြောင့် ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ် ဆိုတဲ့ သတင်းဆိုးတွေ နောက်ပိုင်းမှာ အခုလို သတင်းကောင်း ၂ ပုဒ် ဆက်တိုက်ကြားရတာကတော့ မင်္ဂလာပေါ့ခင်ဗျာ။
ကော်ပီ မကူးလေနဲ့

အသံဂျာနယ် The Voice Weekly နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဟေ့လူတွေ၊ ကျုပ်တို့ဆီက ရေးထားတာတွေကို မယူနဲ့ မကိုးကားနဲ့နော် လို့ တားမြစ်တဲ့ ကြော်ငြာ ဖြစ်ပါတယ်။ ပြီးတော့ သင်တို့နဲ့ငါတို့ ဂျာနယ်နှစ်စောင်ဟာ "ရည်ရွယ်ချက်၊ ရပ်တည်မှု၊ ခံယူချက် သဘောထားမှာ အရှေ့နှင့်အနောက် လွန်စွာ ကွာခြားပါသည်" လို့လည်း ဆိုပါတယ်။
စာဖတ်ပရိသတ်များအတွက်တော့ ဟင် - ဘာမှန်းမသိဘူး ဆိုပေမယ့် အင်း - စိတ်ဝင်စားစရာတော့ ကောင်းနေပြီပေါ့ခင်ဗျာ။
ပွင့်လင်းလာတဲ့ သို့မဟုတ် ခေတ်နောက်ပြန်ဆွဲတဲ့ အရောင်းမြှင့်တင်မှု

ကွန်ပျူတာနဲ့ အမျိုးသမီးတို့ရဲ့ ဗိုက်နဲ့ မဆိုင်ပါဘူးလို့ ထင်ရပေမယ့် ဒီပုံကို သေချာပြန်ကြည့်တော့ (ဂလု) ဆိုင်လာသလိုလို ဘာလိုလို (ဂလု၊ ဂလု) ဖြစ်လာပါတယ်။ အဲဒီ ဘာလိုလိုကြောင့်ပဲ အရောင်းတက်လာမယ် ထင်ပါရဲ့။
ဒီပုံကို ကြည့်ပြီး မြန်မာပြည်မှာတော့ လက်တော့ပ် ကွန်ပျူတာများကို အမျိုးသားတွေကပဲ ၀ယ်ကြတယ်လို့ ယူဆရမှာပါ။ အမျိုးသမီးတွေလည်း ၀ယ်ကြမယ်ဆိုရင်တော့ အင်း - အရောင်းဝန်ထမ်း အမျိုးသားတွေကို ဗိုက်သားတွေ ဖော်ခိုင်းပြီး ကွန်ပျူတာဘေးမှာ ဟန်ရေးပြစေမယ် ထင်ပါတယ်။
ဗိုက်သားဖော်လာတာဟာ နိုင်ငံတကာ ဆန်လာတယ်လို့ တွေးနိုင်သလို အတိတ်ကို ပြန်သွားနေတယ်လို့လည်း တွေးနိုင်ပါတယ်။ ပျူခေတ် ပုဂံခေတ်တွေတုန်းကလည်း ဒီလိုပဲ ဗိုက်သားတွေ ဖော်ပြီး နေထိုင်ခဲ့ကြတာ မဟုတ်လား။
Comments