Nyan Win met Burmese show throwers

ဝန်ကြီး ဦးဉာဏ်ဝင်း ဖိနပ်ဖြင့် ပေါက်ခံရ
မိုးမခအထောက်တော် အမှတ် ဝဝ၅
စက်တင်ဘာ ၂၈၊ ၂၀၀၉
နယူးယောက်ရောက် နအဖခေါင်းဆောင်များအား ဆန္ဒပြကြိုဆိုနေသူတချို့
[ ဓာတ်ပုံ - komoethee.blogspot.com ]


မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများဖြစ်သည့် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်ခေါင်းဆောင် ဟူဂျင်းတောင်တို့နှင့် တတန်းတည်း ဖြစ်သွားစေရန် မြန်မာ့အရေး လှုပ်ရှားသူတချို့က ဆောင်ရွက်ပေးလိုက်ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်သို့ ရောက်နေသော ဝန်ကြီး ဦးဉာဏ်ဝင်းကို ဆန္ဒပြ မြန်မာပြည်သားတချို့က ဖိနပ်ဖြင့် ပစ်ပေါက်ကြသည်ဟု ယနေ့ည ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ကြေညာသွားသည်။

ကြက်ဥ၊ ကော်ဖီတို့ဖြင့်လည်း ပစ်ပေါက်ကြသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းတို့ပစ်ပေါက်သည့် အရာများက ဝန်ကြီးကို ထိမှန်သည်ဟု သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ဖိနပ်ဖြင့် ပစ်ပေါက်သူကို ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

သို့သော်လည်း တခြားသတင်းတပုဒ်တွင်မူ အဆိုပါ ဖိနပ်သမားမှာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည် ဟု ဆိုသည်။

“ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာ ရဲက ဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေး လွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်” ဟု komoethee.blogspot.com တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများက မြန်မာစစ်ခေါင်းဆောင်များ တည်းခိုရာ ဟိုတယ်ဝင်ပေါက်များအနီးတွင် ရှိနေသဖြင့် စစ်ခေါင်းဆောင်များမှာ ဟိုတယ်အတွင်း အချိန်အတော်ကြာကြာ ပိတ်မိနေခဲ့သည်ဟု သိရသည်။

ပိတ်မိနေသူများထဲတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း ပါဝင်သည်။

နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဟိုတယ်နောက်ဖေးပေါက်မှ လုံလုံခြုံခြုံဖြင့် ထွက်ခွာသွားနိုင်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ဦးဉာဏ်ဝင်းကဲ့သို့ပင် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်နိုင်ငံခြားရေး ဟူဂျင်းတောင် တို့လည်း ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်သည်။

Comments

Win Kyaw said…
good new for Burmese ,we all hate taht gays.