Burmese Event at the West Coast

ကယ်လီဖိုးနီးယားအရပ်က အမျိုး ဘာသာ သာသနာအတွက် ပွဲလမ်းများ
မိုးမခရွာဆော်ကြီး
အောက်တိုဘာ ၃၀၊ ၂၀၀၉
နိုဝင်ဘာ ၇ မှာ ဆောက်သ်ဆန်ဖရန်စစ္စကို အထက်တန်းကျောင်းတွင် ချင်းတိုင်းရင်းသားတွေရဲ့ ကူညီမှုရန်ပုံငွေပွဲ တခု ရှိပါတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ဘေး ကျနေတဲ့ ချင်းပြည်က ပြည်သူတွေကို ကူဖို့ အလှူခံတဲ့ အစားအသောက်ရောင်းချပွဲနဲ့ ဂီတပဒေသာ ဖြစ်ပါတယ်။ မြန်မာပြည်က အဆိုတော် ဆုံသင်းပါရ် လည်း ပါဝင်ဆင်နွှဲမယ် လို့ ကြော်ငြာထားပါတယ်။
နိုဝင်ဘာ ၂၂ မှာ ဆန်ဖရန်ဘေးဧရိယာက မြန်မာအမျိုးသားပေါင်းစုံ စုစည်းတဲ့ ကူညီမှု ရန်ပုံငွေပွဲ တခု ရှိပါတယ်။ မြန်မာပြည်က ဆင်းရဲဒုက္ခစုံ ကြုံတွေ့နေရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ကူညီထောက်ပံ့ဖို့အတွက် မြန်မာ့ယဉ်ကျေးမှု အက၊ အလှ ဖျော်ဖြေရေးပွဲတော် ဖြစ်ပါတယ်။ အစားအသောက်တွေလည်း ရန်ပုံငွေအတွက် ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၂ မှာ အယ်လ်အေက မြန်မာမိသားစုတွေက ၈၉ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ စာရေးဆရာများဖြစ်တဲ့ မောင်စွမ်းရည်၊ အောင်ဝေး နဲ့ မေငြိမ်းတို့ ဟောပြောမယ်လို့ ဆိုပါတယ်။
          မိုးမခ ရွာဆော်ကြီး ပြက္ခဒိန်မှာ သွားရောက်လို့ အသေးစိတ်ကို ကြည့်နိုင်ပါပြီ။
           http://moemaka.com/index.php?option=com_content&task=blogsection&id=15&Itemid=134

Comments