New National Flag - Burmese Underground Journal Launched

မြန်မာပြည်တွင်းက စာပေသမားများရဲ့ စာစောင် - အလံတော်သစ်ဂျာနယ် ထွက်ရှိ
စာအုပ်စင်သာဂိ
အောက်တိုဘာ ၂၈၊ ၂၀၀၉

Did3twmjqxwedp5mgp7_medium
          အီးမေးက လက္ခံရရှိတဲ့ စာစောင်တခုနံမယ်က အလံတော်သစ် ပါတဲ့။ ကျွန်ုပ်တို့သည် ယဉ်ကျေးမှုစစ်မျက်နှာကို ဖွင့်ကာ အာဏာရှင်စနစ်ကို စိမ်ခေါ်ရင်း “အလံတော်သစ်” အောက်တွင် စုစည်းမိကြပြီ လို့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။ ဒီနေရာကနေ ရယူပြီး ဖတ်နိုင်ပါတယ်။ မိုးမခ ထုံးစံအတိုင်း စကရစ်ဘ်မှာ တင်ထားပါတယ်။ http://www.scribd.com/doc/21732233/New-Flag-Journal
          ယခုတလောမှာ ပြည်တွင်းက စာပေနဲ့ စာနယ်ဇင်းသမားတွေကို စစ်အုပ်စုနဲ့ အလိုတော်ရိတွေက မျက်လုံးဒေါက်ထောက်ကြည့်ပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ စာတွေ သတင်းတွေ ရေးသားတယ် ဖြန့်ချိတယ် ဆိုတဲ့ စွပ်စွဲ ဖမ်းဆီး ဖိနှိပ်တာတွေ တိုးမြှင့်နေတဲ့အချိန်မှာ အခုလိုမျိုး စာစောင်တွေကို လက်ဆင့်ကမ်း ဖြန့်ချိမြဲ ဖြန့်ချိနေကြတာဟာ ဂုဏ်ယူ အလေးပြုဖွယ် ကောင်းပါတယ်။
          ပြည်ပက ပရိသတ်တွေ၊ စာနယ်ဇင်းသမားတွေကလည်း ဆက်လက် အားပေးဖြန့်ချိပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Comments