70 Million Kyats abused by Malamyine Authority

သိန်း ၇၀၀ ဖိုး ယစ်မျိုးခွန် မော်လမြိုင်အာဏာပိုင်တို့ အပျောက်ရိုက်
မိုးမခထံ ပေးစာ၊ မော်လမြိုင်သား
နိုဝင်ဘာ ၂၅၊ ၂၀၀၉
          ကျွန်တော်တို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကြားသိနေရတဲ့သတင်းကတော့ မယက ရုံးဝန်ထမ်းတဦးက လုပ်ငန်းရှင်များပေးသွင်းထားသော ယစ်မျိုးလိုင်စင်ကြေးငွေ သိန်း ၇၀၀ ကို အလွဲသုံးစားပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
          ၂၀၀၄ မှ ၂၀၀၉ အထိ ပေးသွင်းထားသော ငွေထဲမှ အချို့တ၀က် ဖြစ်ပါသည်။ ၄င်း အကြောင်းအရာနှင့် ဆက်နွယ်ပြီး ပတ်သက်နေသော မယက အကြီးအကဲနှင့် ခယက အကြီးအကဲတွေက ကျိတ်ပြီး ညှိနိုင်းထားပါတယ်။ ထို့ကြောင့် ကျပ် သိန်း ၃၀၀ ခန့် ပြန် သွင်းပေးပြီး ၂၃ စက်တင်ဘာ ၂၀၀၉ မှာ ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။
          ကျန်ငွေကို မပေးသွင်းနိုင်သောကြောင့် အောက်တိုဘာ ၁၊ ၂၀၀၉ တွင် မော်လမြိုင်မြို့၊ မြို့မ ရဲစခန်းမှ လိမ်လည်မှု ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။
          သို့သော် အဆိုးရွားဆုံးမှာ ၂၀၀၉ ခုနှစ်အတွက် ယစ်မျိုးလိုင်စင် အခွန်ငွေများအားလုံး ပေးသွင်းပြီး၊ လိုင်စင် တရားဝင် ထုတ်ထားပြီးသော်လည်း၊ ၄င်းနှစ်အတွက် လိုင်စင်အခွန်ငွေ ပေးသွင်းရန် ကျန်နေကြောင်း၊ မယက အကြီးအကဲမှ လိုင်စင်ပိုင်ရှင်များအား ရုံးစာအမျိုးမျိုး ထုတ်ပြီးသော်၎င်း၊နှုတ်ဖြင့်၎င်း အမျိုးမျိုး ခြိမ်းချောက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် ၄င်းတို့၏ ဘဏ်ငွေစာရင်းသို့ သွင်းခိုင်းပါတယ်။
          သူတို့၏ လက်အောက်ငယ်သားများ လုပ်စားနေကြောင်း သိရက်နှင့် တဖက်မှ ရဲစခန်းတွင် အမှုဖွင့်ခိုင်းပြီး ၊ လိုင်စင်ပိုင်ရှင်များအား အကြွေးကျန်နေတယ် ဆိုပြီး အတင်း ငွေပြန်သွင်းခိုင်းနေခြင်း ဖြစ်ပါတယ်။
          ထို့အပြင် လွန်ခဲ့သော ၃ နှစ်ခန့်က ကွယ်လွန်သွားပြီးဖြစ်သော မယက ဒုဦးစီးမှူး ဒေါ်တင်မမ အား အပြစ်အားလုံး ပုံချထားပါတယ်။ အမှန်တကယ် ပတ်သက်နေသူများကို သေချာ စုံစမ်း စစ်ဆေးမှု မရှိဘဲ အပြစ်မဲ့တဲ့ ပြည်သူ (လိုင်စင်ရှင်) များအား ငွေသွင်းခိုင်းနေပါတယ်။
          ထို့အပြင်သက်ဆိုင်ရာမှစားသောက်ဆိုင်များသို့လာရာစားသောက်ရာတွင်လဲတန်ရာတန်ကြေ ပေးမှုမရှိဘဲ လတိုင်းလိုလို လာရောက် စားသောက်သည့်အပြင် လတိုင်းတွင်လည်း လက်ဆောင်များပေးရန် ဖိအားပေးပါတယ်။
          ထိုအခြင်းအရာများကို အထက်သို့ တိုင်ကြားရာတွင် တိုင်ကြားစာများမှာ အထက်သို့ ရောက်ရှိမှု မရှိပေ။ မော်လမြိုင်တိုင်းမှုးကိုယ်တိုင် ပါဝင်ပတ်သက်နေမှုများ ရှိနေပါတယ်။
          ထိုသို့ အခွန်ပြန်လည်ပေးဆောင်ရန် အကြောင်းကြားသောအခါ လုပ်ငန်းရှင်များက လိုင်စင်ပြသော်လည်း၊ ၄င်းလိုင်စင်မှာ တရားမ၀င်ကြောင်း၊ မယကအကြီးအကဲက ပြန်လည် ပြောကြခဲ့ပါတယ်
          ထိုသို့ ပြည်သူများအား လည်ပင်ညှစ်ပြီး စားသောက်နေသော အကြီးကဲများမှာ မော်လမြိုင်တွင် မဟုတ်ပါဘူး။ ပြည်နယ်အရပ်ရပ်များတွင် ရှိကြောင်း။

Comments