Iran seized Nobel Peace Prize from its woman


Iranian judge and activist Shirin Ebadi, pictured here in June, won the 2003 Nobel Peace Prize.
Iranian judge and activist Shirin Ebadi, pictured here in June, won the 2003 Nobel Peace Prize.(CNN)
အီရန်အာဏာပိုင်တို့က ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဓမ္မသိမ်း
စီအင်န်အင်န်၊ ဂါဒီးယန်း၊ အင်တာနက်
နိုဝင်ဘာ ၂၇၊ ၂၀၀၉
          အီရန်နိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ အတိုက်အခံအမျိုးသမီးတဦးဖြစ်သူ “အီဘဒီ” ၏ ၂၀၀၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု တံဆိပ်နှင့် လက်မှတ်ကို အီရန်အာဏာပိုင်တို့က ၎င်းနေအိမ်မီးခံသေတ္တာထဲမှ ထုတ်ယူသိမ်းဆည်းသွားသည်ဟု သတင်းကြားသိရသည်။ ၎င်း ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း၊ ခင်ပွန်းသည်အား လုံခြုံရေးအဖွဲ့ဝင်များက အပြင်းအထန် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က နေအိမ်တွင်း ၀င်ရောက်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်နှင့် လက်မှတ်များကို ၀င်ရောက် သိမ်းပိုက်သွားကြောင်း သတင်းများက ဆိုသည်။
          နိုဘယ်ဆု၏ နှစ်ပေါင်း ၁၀၈ နှစ် သမိုင်းတွင် ယခုဖြစ်ရပ်သည် ပထမဦးဆုံး ဖြစ်ပြီး နော်ဝေအစိုးရက အီရန်သံအရာရှိထံ ကန့်ကွက်စာ ပေးပို့ထားသည်ဟု သိရသည်။  အီရန်အစိုးရက ထိုစွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ထိုငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ရရှိသည့် ဒေါ်လာ ၁.၃ သန်းအတွက် ၀င်ငွေခွန် ဒေါ်လာ ၄ သိန်း အစိုးရထံ ပေးဆောင်ရန် ရှိသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။

Comments