Women of the Ancient Days

နေမျိုးဆေး၏ ရှေးခေတ်အမျိုးသမီးများကို ထိုင်းတွင် ပြသမည်
မိုးမခအထောက်တော် အမှတ် ဝဝ၈
နိုဝင်ဘာ ၂၉၊ ၂ဝဝ


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာပန်းချီပြခန်းတွင် နေမျိုးဆေး၏ တကိုယ်တော်ပြပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည်။

သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းတွင် ပြုလုပ်မည့် ပြပွဲကို Women of the Ancient Days (ရှေးခေတ် အမျိုးသမီးများ) ဟု အမည်ပေးထားပြီး လာမည့် သောကြာနေ့၊ ဒီဇင်ဘာ ၄ မှ ဒီဇင်ဘာ ၂၅ အထိ ပြသမည် ဖြစ်သည်။

နေမျိုးဆေးသည် ရန်ကုန်နှင့် နိုင်ငံတကာပန်းချီပြပွဲများတွင် ပါဝင် ပြသခဲ့သူဖြစ်သည်။

မြန်မာပန်းချီပြခန်း သုဝဏ္ဏဘူမိသည် နေမျိုးဆေး၏ တကိုယ်တော်ပွဲများကို ၂ဝဝ၇ နှင့် ၂ဝဝ၈ တွင်လည်း ပြုလုပ်ခဲ့ဖူးသည်။

ယခုအခါ သုဝဏ္ဏဘူမိတွင် ပန်းချီရဲမြင့်၏ တကိုယ်တော်ပြပွဲ Van Gogh visits Pagan (ဗန်ဂိုး ပုဂံသို့သွားခြင်း) ရှိနေသည်။ ယခုနှစ်အတွင်း ခင်မောင်ရင်၊ ကြီးမြင့်စော၊ တင်မောင်ဦး၊ စံမင်း၊ အေးမင်း၊ ကောင်းဆု တို့၏ တကိုယ်တော်ပွဲများကို သုဝဏ္ဏဘူမိတွင် ပြုလုပ်ခဲ့သည်။

ပြခန်းကို၂ဝဝ၄ ခုနှစ်မှ စတင်ပြီး ချင်းမိုင်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပန်းချီဆရာမျိုးစုံ၏ လက်ရာ အများအပြားကို စုဆောင်းထားကြောင်း တွေ့ရသည်။

နေမျိုးဆေး စာမျက်နှာများ naymyosay.com
ပြခန်း စာမျက်နှာများ suvannabhumigallery.com နှင့်
suvannabhumi-art-gallery.blogspot.com

Comments