NLD-LA- Australia said they support NLD to stand by with Shwegondai Statement

အင္န္အယ္ဒီ (ၾသစေၾတးလ်) က ရွှေဂုံတိုင်ကြေငြာစာတမ်းအတိုင်း ရပ်တည်ရန် တိုက်တွန်း
မိုးမခအထောက်တော် ၀၀၆
မတ် ၂၇၊ ၂၀၁၀
မတ်လ ၂၀ ရက်နေ့က သြစတြေးလျအခြေစိုက် အင်န်အယ်ဒီလွတ်မြောက်နယ်မြေ ဌာနခွဲက အစည်းအဝေးကျင်းပပြီး လက်ရှိမြန်မာနိုင်ငံရေးအခြေအနေဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပါတီများ ထပ်မံမှတ်ပုံတင်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြရာ ၎င်းတို့သဘောထားကို မတ် ၂၂ နေ့စွဲဖြင့် ရန်ကုန်ရှိ အင်န်အယ်ဒီခေါင်းဆောင်များထံ မတ် ၂၉ အစည်းအဝေးအမီ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။
စစ်အစိုးရ၏ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေများကို အယုံအကြည် မရှိခြင်း၊ အင်န်အယ်ဒီပါတီ၏ လက်ရှိရပ်တည်ချက်ဖြစ်သော ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထောက်ခံခြင်းတို့ကြောင့် အင်န်အယ်ဒီပါတီအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ဖို့ ယခုဥပဒေများကို လိုက်နာပြီး ပါတီကို မှတ်ပုံတင်ခြင်း မပြုရန်နှင့် မတရားဥပဒေများကို ဆန့်ကျင်ပြီး ရင်ဆိုင်သွားရန် တိုက်တွန်းကြောင်း၊ အကြံပြုပါကြောင်း ဖော်ပြထားသည်။
၎င်းအိတ်ဖွင့်ပေးစာကို ၁၉၉၀ ရွေးကောက်ပွဲ မန္တလေး အရှေ့မြောက်မဲဆန္ဒနယ် ကိုယ်စားလှယ် - ဦးမောင်မောင်အေးက အင်န်အယ်ဒီလွတ်မြောက်နယ်မြေ - သြစတြေးလျဌာနခွဲ၏ ဥက္ကဋ္ဌအဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
သည်နေရာမှာ ကြည့်နိုင်သည် - http://www.scribd.com/doc/29009071/Open-Letter-to-NLD-22-03-10

Comments