Audio CD by Htet Aung Shine published for freedownload

ထက်အောင်ရှိုင်း ၏ သီချင်းသစ်များ မေတ္တာဖြင့် ဖြန့်ချိ
စာအုပ်စင်သာဂိ
ဇွန် ၆၊ ၂၀၁၀
အီးမေးများကတဆင့် သိရှိရသည်မှာ ဒီဗီဘီ ရေဒီယိုနှင့် ရုပ်သံတို့တွင် သီဆိုသူ မြန်မာပြည်ပက အဆိုတော်တဦးဖြစ်သည့် ထက်အောင်ရှိုင်း၏ နေ့သစ်ကို ကြိုဆိုကြပါစို့ သီချင်းစီဒီကို အင်တာနက်မှတဆင့် မေတ္တာလက်ဆောင် ဖြန့်ချိလိုက်သည်ကို တွေ့ရသည်။
မြန်မာပြည်၏ လက်ရှိနိုင်ငံရေးနှင့် လူမှုရေး ခံစားချက်များကို ထုတ်ဖော်သီဆိုထားသော သီချင်းများကို မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရည်ရွယ်သည်ဟု စီဒီတွင် ဖော်ပြထားသည်။ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှု အခမ်းအနားများတွင် အခမဲ့ဝေငှခွင့်ပြုသည်ဟု အနုပညာရှင်တို့ပက ခွင့်ပြုထားသည်ကို တွေ့ရသည်။
အနုပညာရှင်များမှာ ထက်အောင်ရှိုင်း၊ အေကေတီ၊ Lun Lun၊ ရေခဲ၊ ကျော်ထက်မင်း၊ Angel Shaper စသူတို့ ဖြစ်သည်။ စီဒီဒီဇိုင်းကို ပြည်ပစာနယ်ဇင်းလောကတွင် စေတနာထားကူညီလေ့ရှိသူ ဒီဇီုင်းဆရာကိုမျိုး က မေတ္တာဖြင့် ရေးဆွဲပေးထားသည်။
သည်နေရာမှာ အားလုံးကို ရယူနိုင်ပါသည်။ http://www.mediafire.com/?mq2yzfmmzki

Comments