Burma to take part in North Korea film festival

မြန်မာရုပ်ရှင်များ မြောက်ကိုရီးယားသို့ သွားမည်
people.com.cn
ဇွန် ၃ဝ၊ ၂ဝ၁ဝနာမည်ကျော် မြန်မာရုပ်ရှင်ကား၏ DVD ကာဘာ



မြောက်ကိုရီးယားတွင် စက်တာဘာလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် ကမ္ဘာ့ရုပ်ရှင်ပွဲတော်သို့ အရည်အသွေးကောင်းသည့် မြန်မာဇာတ်လမ်းတချို့ ပေးပို့မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းရပ်ကွက်က အင်္ဂါနေ့တွင် ပြောသည်။

မြို့တော် ပြုံယမ်းတွင် စက်တက်ဘာ ၁၇ မှ စတင်ပြီး ၈ ရက်ကြာ ကျင်းပမည့် ပွဲတော်အတွက် ရွေးချယ်ထားသည့် ဇာတ်ကားများမှာ

ဆဋ္ဌဂံ
လျှို့ဝှက်သောနှင်း
မျှော်လင့်ခြင်းများစွာ
ကြိုးတန်း
အတိတ်ကအရိပ်

တို့ ဖြစ်သည်။

မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မည့် မြန်မာကားများ ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံတွင် ရုပ်ရှင် ၇ ကားတွင် ပါဝင်သည့် အနုပညာရှင်များကို၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုများ ပေးအပ်ခဲ့သည်။

၂၀၀၈ တွင် ထုတ်လုပ်ခဲ့သည့် ရုပ်ရှင် ၁၂ ကားထဲမှ ရွေးချယ်ခြင်း ဖြစ်ပြီး အများနှင့်မသက်ဆိုင်သောသူ အမည်ရှိ ဇာတ်ကားက အကောင်းဆုံးဇတ်ကားဆု ရသွားသည်။

၁၉၅၂ မှ အစပြုပြီး အကယ်ဒမီ ဆုပေါင်း ၃၁၉ ဆု ပေးအပ်ခဲ့ပြီး ဖြစ်သည်။

Comments