မုံရွာဈေးကြီး မီးလောင်မှု ဖြစ်ပွား
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၃၊ ၂ဝ၁ဝ
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၃၊ ၂ဝ၁ဝ
မုံရွာမြို့ ချင်းတွင်း ရတနာဈေး မီးလောင်ကျွမ်းလျက်ရှိရာ ယခု အချိန်အထိ ငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ဆိုင်ခန်း ၂ တန်း ကုန်သွားတယ်လို့ ပြောတယ်” ဟု ဒေသခံတဦးက ပြောသည်။
ယနေ့ နံနက် ၂း၃၀ နာရီခန့်က အစပြု လောင်ကျွမ်းသည်ဟု ဆိုသည်။
မည်သည့်အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရသည်ကို မသိရသေးပေ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာပြည်၏ အကြီးဆုံး လက်ကား ဈေးကြီး တခုဖြစ်သော ရန်ကုန်မှ မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့သည်။
မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ လောင်ကျွမ်းလျက်ရှိသည်။
ဆုံးရှုံးမှု ကြီးသည့် မီးလောင်မှုများ
ရန်ကုန် မင်္ဂလာဈေး - ၂၀၁၀ မေ (ပျက်စီးသည့် ဆိုင်ခန်းပေါင်း ၈၄၅ ခန်း )
မော်လမြိုင်မြို့ မြို့မဈေးကြီး - ၂၀၀၈ ဒီဇင်ဘာ ( ၁၁၂၄ ခန်း )
ရန်ကုန် သင်္ဃန်းကျွန်း ဈေးကြီး - ၂၀၁၀ ဖေဖော်ဝါရီ (၆၅၁ ခန်း)
မန္တလေး ရတနာပုံဈေး - ၂၀၀၈ ဖေဖော်ဝါရီ (၁၅၂၁ ခန်း)

မီးလောင်နေသည့် ချင်းတွင်းရတနာဈေး အပြင်ဘက် မြင်ကွင်း

နောက်ဘက်တွင် ရေစုတ်စက် တပ်ဆင်ထားသော ရေသယ်ယာဉ်က မီးသတ်ကား ဖြစ်နေသည်

နံနက် ၂း၄၅ နာရီခန့်တွင် လျှပ်စစ်မီးလာပြီးမကြာမီ ဖောင်းခနဲ အသံနှင့်အတူ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ ပုလဲ၊ မြင်းမူ၊ အလုံ၊ ဆားလင်းကြီး တို့မှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်လျက်ရှိကြောင်း၊ ၈ နာရီခန့်တွင် မီးညွန့် ကျိုးသွားကြောင်း၊ ၉း၄၅ အထိ ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း ဈေးဝန်းကျင်တွင် နေထိုင်သူများကို ကိုးကားပြီး Weekly Eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မီးငြှိမ်းသတ်နေပုံကို ၀ိုင်းအုံကြည့်နေသူများ

Comments