မိုးမခအထောက်တော် ၀၀၃
ဇွန် ၇၊ ၂၀၁၀
သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့က ဇီးသီး၊ ပန်းသီး၊ ကြယ်သီး နှင့် မင်းသမီး မြစပယ်ငုံတို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရေကာတာများအကြောင်း ပညာပေး ရုပ်သံအခွေ - “သန့်ရှင်းစင်ကြည် မြနဒီ” ရိုက်ကူးထုတ်လုပ်နေကြောင်း ကြားသိရသည်။
၎င်းတို့ အနုပညာလှုပ်ရှားမှုကို သီးညီနောင်အဖြစ် အမည်ယူထားပြီး ထိုင်းနိုင်ငံအခြေစိုက် “မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့”နှင့် ပူးပေါင်းပြီး စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ရုပ်သံ သရုပ်ဆောင်များစွာလည်း ပါဝင် ပံ့ပိုးကြသည်ဟု ဆိုသည်။
ဇာတ်လမ်းကို သံချပ်-သူရိန်ထက် (ဂျပန်)၊ မောင်ဖိုးဇော် (စကားဝါမြေ) တို့က၎င်း၊ တေးသီချင်းများကို ကိုယဉ်ထွေး (USA ) နှင့် စိန်သွားတို့က၎င်း၊ ကင်မရာကို ထိုင်း၊ မြန်မာ ပညာရှင်များက၎င်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်ဟု ဖိုးဇော် (စကားဝါမြေ)က မိုးမခသို့ ပြောသည်။
၎င်းတို့ အနုပညာတင်ဆက်မှု ဓာတ်ပုံမှတ်တမ်းများကို တင်ဆက်လိုက်ပါသည်။
Comments