သတင်းထောက်အေးသူစံရဲ့ အမေး - နာမည်ကျော်များအဖြေနဲ့ ထက်ထက်မိုးဦးရဲ့ တုံ့ပြန်မှု နှိုင်းယှဉ်ခံရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၄၊ ၂ဝ၁ဝ
တရားရုံးဆင့်ခေါ်မှုကို အာခံနေသော ထက်ထက်မိုးဦး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၄၊ ၂ဝ၁ဝ
တရားရုံးဆင့်ခေါ်မှုကို အာခံနေသော ထက်ထက်မိုးဦး7Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးအား မေလ ၁၉ ရက်နေ့ညနေခင်းက မေးခဲ့သည့် မေးခွန်း မမေးမီ အခြားသော အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင်များလည်း အလားတူ မေးခွန်းမျိုး မေးမြန်းခဲ့ဖူးပြီး အဆိုပါ သရုပ်ဆောင်၊ မိုဒယ်နှင့် ဒါရိုက်တာများက အဆင်ပြေစွာ ဖြေကြားခဲ့ဖူးသည့် သာဓက ရှိကြောင်း ရန်ကုန်မြို့မှ သတင်းဂျာနယ် ဖတ်သူ ပရိသတ်တစ်ဦးက ပြောသည်။
အဆိုပါ သာဓကများမှာ သရုပ်ဆောင် ရဲတိုက်အား မအေးသူစံက
“ပရိသတ်က ရဲတိုက်အား မိမိကိုယ် ယုံကြည်မှု လွန်ကဲ့သည့် သဘောမျိုးဝေဖန် ပြောဆိုကြသည့် အပေါ် မည်သို့ တုံ့ပြန် ချင်ပါသလဲ”
ဆိုသည့် မေးခွန်းမေးခဲ့ဖူးရာ ရဲတိုက်က သရုပ်ဆောင်အလုပ်ရဲ့ သဘောသဘာဝမှာ ယုံကြည်မှု ပိုလျှင် အရေးမကြီးဘဲ လိုအပ်နေလျှင်သာ အခက်အခဲရှိသည့် အလုပ်ဖြစ်သည် ဆိုသည့် သဘော ဖြေကြားခဲ့ဖူးသည်။
ထို့ပြင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကိုမူ
“ သူရိုက်သည့် ဇတ်ကားများမှာ စီးပွားရေးအရ မအောင်မြင်သည့် အတွက် မည်ကဲ့သို့ ရပ်တည်ပါသလဲ…”
ဟု မေးမြန်းဖူးရာ မင်းထင်ကိုကြိုံကီးက ဒီလိုပဲ ခြိုးခြိုးခြံခြံ ချွေချွေတာတာ ရပ်တည်ရတာပေါ့ဗျာ ဟု ဖြေကြားခဲ့သည့် သာဓကရှိခဲ့သည်ဟု ယခင် 7Day ဂျာနယ်တွင် ဖော်ပြထားသည်။
အထက်က သာဓကများတွင် ဖော်ပြထားသကဲ့သို့ အနုပညာရှင်များအား မေးခဲ့ဖူးသည့် အလားတူ မေးခွန်းကို နာမည်ကျော် မိုဒယ် သရုပ်ဆောင် ထက်ထက်မိုးဦးအား မေးသည့်အခါ ကိုယ်ထိ လက်ရောက် တုံ့ပြန်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဂျာနယ်ဖတ် ပရိသတ်က ပြောဆိုသည်။
“သတင်းထောက်တွေ အနေနဲ့ မေးတဲ့မေးခွန်းမှာ ဘောင်ကန့်သတ်မှု ထားစရာ သိပ်မရှိဘူးလို့ ထင်ပါတယ်။ သူများနိုင်ငံတွေမှာ ဒိထက် ဖြေရကျပ်တဲ့ မေးခွန်းမျိုး နောက်က လိုက်ပြီး အတင်းမေး၊ သတင်း ဓာတ်ပုံရိုက် အနုပညာရှင်တွေက မနည်းရှောင်ကြတာ ဖတ်ဖူး ကြားဖူးတယ်။ ဒီမှာတော့ သတင်းထောက်တွေက သူတို့လောက်တောင် ဖိပြီး မမေးကြ မလုပ်ကြဘူးလို့ ထင်ပါတယ်”
ဟု လည်း သတင်းဂျာနယ်မှ အယ်ဒီတာ တဦးက ဝေဖန်ပြောဆိုသည်။
ထက်ထက်မိုးဦးက ဖြေရကြပ်သည့် မေးခွန်းမေးသည့် သတင်းထောက် မိန်းကလေးအား ဆံပင်ဆွဲ၊ ပါးရိုက်ခဲ့သည့် အဖြစ်ကြောင့် ယခုအခါ ရန်ကင်းမြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်နေရပြီး ထက်ထက်မိုးဦးအား စစ်ဆေးရန် ဆင့်ခေါ်ထားသည့် ရုံးချိန်း ၂ချိန်းစလုံး မလာရောက်ခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ြံကီး ဖြစ်သူ ဗိုလ်ချုပ်ကျော်ဆန်းကမူ ယခု အမှုကိစ္စ တရားရုံး စီရင်ချက် ချသည့် အဆင့်မတိုင်ခင် ကျေအေးမှု ရစေရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံစာနယ်ဇင်း အဖွဲ့တို့ကို ပြောဆိုလျက်ရှိသည်ဟု စာနယ်ဇင်းနှင့် ရုပ်ရှင်အစည်းအရုံး အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသည့် သတင်းများအရ သိရှိရသည်။
သို့သော်လည်း ကိုယ်ထိလက်ရောက် ကျူးလွန်သူ ထက်ထက်မိုးဦးက သတင်းထောက် မအေးသူစံအား မတောင်းပန်လိုသည့် အတွက် ဤအမှုကို ဖြေရှင်းရခက်နေသည် ဟုလည်း မီဒီယာအသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။
Comments
all the questions what she aksed is very hard to answer for others.stupid journalist. idiot!
ကန့် သတ်ထားစရာမလိုဘူးဆိုပေမဲ့ အခြားအနုပညာရှင်များကို မေးတဲ့မေးခွန်းများကိုကြည့်ခြင်းအားဖြင့် journalist အမျိုးသမီးဟာ ရိုင်းပြပြီး ကိုယ့်ကိုကိုယ် အတော်အဟုတ်ထင်နေတဲ့ အမျိုးသမီးဖြစ်ပုံရတယ်။ မင်းသမီးဟာ စိတ်မထိန်းနိုင်တဲ့အတွက် ကိုယ်ထိလက်ရောက် ကျူးလွန်မိတော့ အလွန်ဖြစ်သွားပေမဲ့ မင်းသမီးတစ်ဦးတည်းအမှားမဟုတ်ပါဘူး။ ဒီ journalist ဟာ ဒီလို မေးခွန်းမျိုးတွေနဲ့ ထက်ထက်မိုးဦးက မရိုက်တောင် တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ရိုက်တာခံရမှာဘဲ။