Burmese girls reached 2010 New York IMTA

မြန်မာအမျိုးသမီး ၃ ဦး နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲ ၀င်ခွင့်ရခဲ့
ဓာတ်ပုံသတင်း
သြဂုတ် ၁၀၊ ၂၀၁၀


ပြီးခဲ့သည့် လကုန်ပိုင်းက နယူးယောက်တွင် ပြုလုပ်သော နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲတွင် တွေ့ရသော မြန်မာပြည်ဖွား ညီအစ်မ ၃ ဦး (ဓာတ်ပုံများ - IMTA)

အငယ်ဆုံး မေဇင်ဦး

ညီအစ်မ သုံးဦးထဲမှ အလတ် နေခြည်မင်းထွန်း
နေခြည်မင်းထွန်း

မေ နှင့် နဒီ တို့က
modeling top 10 စာရင်း ၀င်ခဲ့သည်ဟု နေခြည်က ပြောသည်။ အုပ်စုလိုက် ပြိုင်ကြရာတွင် 4th runner up အဆင့်သို့ ညီအစ်မ သုံးဦးစလုံး ရောက်ခဲ့သည်ဟု သိရသည်။

အောင်မြင်မှု နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရနိုင်မည့် ပြိုင်ပွဲသို့ နိုင်ငံတကာမှ မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော် ဖြစ်ရေး ကြိုးပမ်းသူ တထောင်ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲ စီစဉ်သည့် နိုင်ငံတကာ မော်ဒယ် နှင့် အနုပညာ ပါရမီရှင် အသင်း (International Modeling and Talent association- IMTA) ၏ အင်တာနက် စာမျက်နှာတွင် ထိုပြိုင်ပွဲမှ ပုံပေါင်း ၃၀၀ ၀န်းကျင်ကို တွေ့နိုင်သည်။ ညီအစ်မ သုံးဦးစလုံး၏ ပုံများ ပါဝင်သည်။
အစ်မ အကြီးဆုံး နဒီမင်းထွန်း။

ယခုနှစ် ကမ္ဘာ့ဖလား သီချင်း “Waka Waka” ရုပ်သံတွင် ပါဝင် သရုပ်ဆောင်ခဲ့သော ရန်ကုန်သူ တရုတ်နွယ်ဖွား ထိုညီအစ်မ ၃ ဦးအကြောင်း http://moemaka.blogspot.com/2010/06/talk-with-nay-chi.html ရှိ အင်တာဗျူးတွင် ဖတ်ရှုနိုင်သည်။

Comments

ရုပ်တွေကိုကြည့်ရတာ Burmese girls တွေတော့ မဟုတ်တန်လောက်ပါဘူးဗျာ။ ပေါက်ဖော်မတွေလားတော့ မပြောတတ်ပါဘူး။
Anonymous said…
There are a lot of much much prettier burmese girls than those models....they look like Chinese