Chinese naval warships visit Rangoon


တရုတ်စစ်သင်္ဘောများ မြန်မာပြည်သို့ အလည်အပတ်ရောက်
ဆင်ဟွာသတင်းဌာန
သြဂုတ် ၃၀၊ ၂၀၁၀

ယမန်နေ့က သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသော ဖျက်သင်္ဘော Guangzhou ပေါ်မှ အရာရှိများ၊ ရေတပ်သားများ တန်းစီနေပုံ။ (ဓာတ်ပုံများ - ဆင်ဟွာ)


တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ Guanhzhou နှင့် Caohu အမည်ရှိ စစ်သင်္ဘော ၂ စီးသည် ချစ်ကြည်ရေး ခရီးအဖြစ် ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းသို့ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းတွင် ရောက်လာသည်။

မြန်မာဆိပ်ကမ်းတခုသို့ တရုတ် ရေတပ် သင်္ဘော ပထမဆုံးအကြိမ် ဆိုက်ကပ်ခြင်း ဖြစ်သည်။

၅ ရက်ကြာ ခရီးစဉ်သည် ၂ နိုင်ငံ တပ်မတော်အကြား ခင်မင်ရင်းနှီးမှုကို တိုးမြှင့်ရန်၊ ရေတပ် ၂ ခု ဆက်သွယ် ဆောင်ရွက်ရန် ရည်ရွယ်သည်။

တရုတ်စစ်သင်္ဘောများ ကြိုဆိုပွဲသို့ တပ်မတော်ရေမှ ဗိုလ်မှူးဟန်စိန်၊ ရန်ကုန်အခြေစိုက် တရုတ်သံအမတ် နှင့် သံအရာရှိများ၊ တရုတ်ကုမဏီ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားများ၊ ဒေသခံ တရုတ် လူမျိုးများ တက်ရောက်သည်။ ကြိုဆိုသူပေါင်း ၂၀၀ ၀န်းကျင် ရှိသည်။

အခမ်းအနားအပြီးတွင် ဧည့်သည်များ စစ်သင်္ဘောများကို လေ့လာကြည့်ရှုနိုင်ရန် ဖွင့်ပေးသည်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ရေတပ် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ တပ်မတော်ရေနှင့် ဆွေးနွေးဖလှယ်ရေး အစီအစဉ်များ ရှိသည်။

မြန်မာနိုင်ငံသည် အမှတ် ၅ တရုတ်ရေတပ် သင်္ဘောအုပ်စု၏ စတုတ္ထမြောက် ၀င်ရောက်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ မြန်မာပြည်သို့ မရောက်မီ ခရီးစဉ်များမှာ အေဒင် ပင်လယ်ကွေ့၊ ဆိုမာလီ ကမ်းရိုးတန်း တို့ ဖြစ်သည်။

သင်္ဘောအုပ်စုသည် အီဂျစ်၊ အီတလီ၊ ဂရိနိုင်ငံတို့ကိုလည်း သွားရောက်ခဲ့သည်။





Comments