ကျော်သူက စောဝေကို အင်းစိန်သို့ မပို့
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၊ ၂ဝ၁ဝ
ကျော်သူ နှင့် ဇနီး ရွှေဇီးကွက်တို့၏ အိမ်ထောင်သက် ၂၉ နှစ်မြောက် အစီအစဉ်သို့ ရောက်လာသော ကဗျာဆရာ စောဝေ၏ လက်ဆောင်။
ထိုကဗျာကို ကျော်သူက သူ၏ facebook တွင် ၀မ်းမြောက်ဝမ်းသာ ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုပုံစံအတိုင်း ကဗျာ၏ ပထမဆုံး စာလုံးများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည် ပေါ်လွင်စေရန် စပ်ဆိုခဲ့သည့် စောဝေ၏ ကဗျာတပုဒ် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်လာသည်။ သို့သော်လည်း ကိုယ်ပိုင် facebook အကောင့် မရှိသော ဗိုလ်ချုပ်မှူးကြီးက ထိုကဗျာကို မည်သည့်နေရာတွင် သိမ်းဆည်းထားကြောင်း သတင်းများ ထွက်ပေါ် မလာသေးပေ။
ထိုကဗျာကြောင့် ကဗျာဆရာ ၂ နှစ်ကျော် အကျဉ်းချခံခဲ့ရသည်။

Comments