သတင်းအတွက် ကြော်ငြာကို အားကိုးအားထား ပြုနေရ
မိုးမခအထောက်တော်၊ ရန်ကုန်
သြဂုတ် ၁၂၊ ၂၀၁၀
ယနေ့ထုတ် မြန်မာ့အလင်းတွင် သတင်းသိလိုသူတို့ အားကိုးစရာ ကြော်ငြာများ ပါဝင်သည်
သြဂုတ် ၁၂၊ ၂၀၁၀

အာဏာပိုင်များနှင့် လုပ်ငန်းရှင်များက သတင်းကို အချိန်မီ ထုတ်ပြန်ခြင်း မရှိသော မြန်မာနိုင်ငံတွင် သတင်း ငတ်မွတ်သူများ စိတ်အဆာဖြေစရာမှာ ကြော်ငြာများ ဖြစ်နေသည်။
မက်စ်မြန်မာ ကုမ္ပဏီ၏ ဧရာဝတီဘဏ် နေပြည်တော်တွင် ဖွင့်လှစ်သည့် သတင်းကို ယနေ့ထုတ် မြန်မာအလင်း၊ ကြေးမုံ တို့၏ ကြော်ငြာကဏ္ဍတွင် တွေ့ရသည်။
ဘဏ်လုပ်ငန်း ရုံးဖွင့်နိုင်သဖြင့် ဂုဏ်ယူဝမ်းသာကြောင်း ထိပ်သီး ကုမ္ပဏီကြီးများက ကြော်ငြာထည့်ထားကြသည်။ ကြော်ငြာများတွင် ဧရာဝတီဘဏ်ခွဲ၊ ဧရာဝတီဘဏ်ရုံးချုပ်ဟု မတူ ခြားနားစွာ ဖော်ပြထားသည်။
ဧရာဝတီဘဏ်၏ အင်္ဂလိပ်ဘာသာနှင့် အမည်ကိုလည်း AYERWADY BANK အပြင် ASIA GREEN DEVELOPMENT BANK ဟုလည်း တွေ့ရသည်။
မည်သည့် အမည်က မှန်ကန်သည်၊ ရုံးချုပ် သို့မဟုတ် ရုံးခွဲ ဖြစ်သည် ဆိုသည်တို့ကို ကာယကံရှင်တို့က သော်လည်းကောင်း၊ “နိုင်ငံတော်”က သော်လည်းကောင်း ထုတ်ပြန်ခြင်း မရှိသဖြင့် အတိအကျ မသိရသေးပေ။
ဆက်စပ် ဖတ်သင့်သော သတင်း -
http://moemaka.com/index.php?option=com_content&task=view&id=6935&Itemid=83

Comments