iTunes distributes Lay Phyu's songs

iTunes မှာ လေးဖြူရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ရောင်းပြီ
မိုးမခအထောက်တော် အမှတ် ၅
စက်တင်ဘာ ၅၊ ၂၀၁၀http://itunes.apple.com/us/album/than-yaw-zin/id387819567?i=387819809 သို့ သွားလျှင် လေးဖြူသီချင်း အရောင်းဌာနကို တွေ့ရမည်။

လေးဖြူ၏ “ဘင်္ဂလားပင်လယ်အော်” စီးရီးမှ သီချင်းများကို iTune အကောင့် ရှိသူတို့ ဒေါင်းလုတ် လုပ်နိုင်ကြပေပြီ။ သို့သော်လည်း တပုဒ် ဒေါင်းလုတ် လုပ်လျှင် ၁ ဒေါ်လာ ($ 0.99) ကုန်ကျမည်ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် သီချင်း ၁၃ ပုဒ် ပါဝင်သည်။ iTune လေးဖြူ၏ သီချင်းများကို စက္ကန့် ၃၀ စီ အခမဲ့ မြည်းစမ်းနိုင်ကြောင်း တွေ့ရသည်။။

iTunes က မြန်မာအဆိုတော် မြန်မာသီချင်းကို ပထမဦးဆုံး ရောင်းချခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် ရေးထားသည်။

သီချင်းရောင်းရငွေ မည်သို့ ခွဲဝေမည်ကို မသိရသေးပေ။

ထို iTunes အင်တာနက် စာမျက်နှာကို နာမည်ကျော် Apple ကုမဏီက ပိုင်ဆိုင်သည်။ သီချင်းများ အပြင် ရုပ်ရှင်၊ ဂိမ်း၊ အသံထွက်စာအုပ်၊ တယ်လီဖုန်းမြည်သံ စသဖြင့်တို့ကိုလည်း ဒေါင်းလုတ် လုပ်နိုင်သည်။

iTunes ရှိ သီချင်းဈေးနှုန်းကို အနည်းဆုံး $0.69 မှ အများဆုံး $1.29 အထိ တွေ့ရသည်။

Apple က iTunes ကို လွန်ခဲ့သည့် ၉ နှစ်ကျော်က ဖန်တီးခဲ့ခြင်းဖြစ်သည်။

Apple ၏ ထုတ်ကုန်များ ဖြစ်သော iPod, iPod Touch တို့မှလည်း လေးဖြူသီချင်းတွေ ဒေါင်းလုတ် လုပ်ပြီး ၀ယ်နိုင်ပြီ

Comments

Nway said…
အရင်ကခိုးကူးခဲ့တဲ့ကော်ပီသီချင်းတွေကိုရောဘယ်လိုလုပ်မှာလဲမသိဘူးနော်........မူပိုင်ခွင့်နဲ့ ဆိုရင်ပြန်လည်းရော်နိုင်တာမဟုတ်ဘူး...ခိုးတုန်းကခိုးပြီတော့........