Maung Ba Chit - Apology to Saya Zaw Gyi

အားနာလှပါသည် ဆရာဇော်ဂျီ
မောင်ဘချစ်
အောက်တိုဘာ ၁၊ ၂၀၁၀
ဆရာဇော်ဂျီ စကား
“သင်သေ သွားသော် ...”  တဲ့
နားမှာကြားနေ
''သင် သေသွားသော်
သင် ဖွားသောမြေ
သင်တို့ မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏  ...”  တဲ့။

ရေမြင့်ကြာတင့်
ဖြစ်သင့်ပါတယ်ဆရာ။

ခု ... အခါမှာလေ
ရေထဲက ဖွတ် မိကျောင်းဖြစ်
မြစ် မချမ်းသာ ဆိုသလို
ခွေးခြင်္သေ့ ဘုရင်လုပ်
ငုတ်တုပ်ကြီးထိုင်တဲ့နေ့
ဒီတကွေ့မှာ
တွေ့မှ တွေ့တတ်ပလေ ဆရာရယ်။

တိရစ္ဆာန်လိုတွေး၊ တိရစ္ဆာန်လို ရေးတဲ့ ဥပဒေ နဲ့
တိရစ္ဆာန်ရွေးကောက်ပွဲ တဲ့ ဟေ့ နော်... ။

ကျနော်တို့ရဲ့ သမိုင်း ရာဇဝင်ရိုင်း သွားပြီမို့
ကျနော်တို့ကို ခွင့်လွှတ်ပါဆရာ။
လက်ဆယ်ဖြာ ထိပ်မှာ မိုး
ရှိခိုးကန်တော့ကာ တောင်းပန်ပါတယ်
အားနာလိုက်တာဆရာရယ်။

စက်တင်ဘာ ၂၉ ၂ဝ၁ဝ

Comments