Human Rights Abuses on Burmese Workers and Farmers Report Book published

မြန်မာပြည်က အလုပ်သမား၊ လယ်သမားတို့၏ ဘ၀များ၊ သတင်းမှတ်တမ်းစုစည်းချက်ထုတ်
မိုးမခစာအုပ်စင်
အောက်တိုဘာ ၃၀၊ ၂၀၁၀
အောက်တိုဘာ ၂၈ နေ့စွဲနဲ့ အီးဘုတ်တအုပ် ထွက်လာခဲ့ရာမှာ ထုတ်ဝေသူက မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် (ရန်ကုန်မြို့၊ မြန်မာနိုင်ငံ) ဖြစ်ပြီး၊ စာအုပ်အမည်က သိမ်းဆည်းခံလယ်ယာ၊ သွေးစုပ်ခံလုပ်အား၊ နင်းပြားတို့၏ ဘ၀ဇာတ်ကြမ်းများလို့ ရေးထားပါတယ်။ စာအုပ်ရဲ့ ခက်ဆစ်က မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ မှတ်တမ်းတစိတ်တဒေသလို့ ရေးထားပါတယ်။
ဖြစ်စဉ်များဆိုပြီးတော့ ပြည်ပနဲ့ ပြည်တွင်း စာနယ်ဇင်းတွေ၊ ရေဒီယိုတွေမှာ ကြားသိ မြင်တွေ့နေခဲ့ရတဲ့ အလုပ်သမား၊ လယ်သမားသတင်းတွေကို ခေါင်းစဉ်တွေ၊ ကဏ္ဍတွေ ခွဲပြီးတော့ သိမ်းဆည်း တင်ဆက်ထားတာကို တွေ့ရပါတယ်။ ရည်ရွယ်ချက်က အစီရင်ခံစာသဘောမျိုး မဟုတ်ဘဲ ပြည်တွင်းမှာ အလုပ်သမား၊ လက်သမားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို အများပြည်သူတို့ တစုတစည်းတည်း လေ့လာသိရှိနိုင်အောင် တင်ပြထားတယ် လို့ ဆိုပါတယ်။
သည်နေရာမှ ဖတ်နိုင်ပါတယ်။ မိုးမခ - စကရစ်စာမျက်နှာမှာပါ။

Comments