4 Comedian denied they did not take part in 2010 campaing trip

သရဲလေးကောင်က လွင်မိုးနဲ့အတူ ရွေးကောက်ပွဲမှာ မဲမဆွယ်ခဲ့ကြောင်း ရှင်းလင်း
ဂျာနယ်ဂြိုဟ်သာဂိ
နိုဝင်ဘာ ၁၆၊ ၂၀၁၀
မိုးမခပေးစာမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးတယောက် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ဖက်က မဲဆွယ် စည်းရုံးရေးတွေ လုပ်ခဲ့တယ်၊ ကြံ့ဖွံ့ကို မဲပေးဖို့ ဇာတိမြေ မြိတ်ကို သွားရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။ သူနဲ့အတူ နံမည်ကြီးဖော်၊ ကြီးဖက်တွေဖြစ်တဲ့ သူရဲလေးကောင်ဖြစ်တဲ့ အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူနဲ့ ကင်းကောင်တို့ကတော့  ရွေးကောက်ပွဲကာလမှာ လွင်မိုးနဲ့ လက်တွဲဖြုတ်ခဲ့တယ်လို့ သတင်းဂျာနယ်ထဲမှာ ရှင်းလင်းချက် ထုတ်လိုက်ပါတယ်။
သူတို့တတွေကိုယ်တိုင် လွင်မိုးနဲ့အတူ ရွေးကောက်ပွဲကို မဲဆွယ်ဖို့ သွားရောက်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်ကို ပြည်တွင်းသတင်းဂျာနယ်များကနေ ထုတ်ဖော်ရှင်းလင်းလိုက်တာလို့ သိရပါတယ်။
ငှက်ပျောကြော်က ကားရိုက်ရှိနေလို့ ငြင်းလိုက်တယ်လို့ ပြောပါတယ်။ ဖိုးဖြူကတော့ အသည်းရောဂါကြောင့် မဲတောင် မပေးဖြစ်ခဲ့ဘူးလို့ ရှင်းပြပါတယ်။ ကင်းကောင်ကတော့ ကားရိုက်ရှိနေလို့ မဲပေးတဲ့နေ့မှာ ခရီးလွန်နေတယ်လို့ ဆိုပါတယ်။ အရိုင်းက မဲဆွယ်ခရီးကို မလိုက်ခဲ့ပါကြောင်း ပြောလိုက်ပါတယ်။
ဂျာနယ်သတင်းအနေနဲ့ ဖြတ်ညပ်ကတ် ပြောချင်သော်လည်း လွင်မိုးအကြောင်းပေးစာထဲမှာ ပါတာကို အကြောင်းပြုပြီး သူ့မိတ်ဆွေ သရဲလေးကောင်ကိုယ်တိုင်အကြောင်း ဂျာနယ်သတင်းမှာ ပါခဲ့တာကို သီးခြား တင်ဆက်လိုက်ပါတယ်။ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ သူတို့ရဲ့ အနုပညာရဲဘော် ကိုဇာဂနာကတော့ သတင်းသာကြားရင် ဘယ်လိုနေမယ် မသိပါဘူးခင်ဗျာ။ True News ဂျာနယ်က ယူပါတယ်။

Comments

Ko si thu said…
Congratulation to four ghost. You are hero of our public.We will always remember you.
Anonymous said…
အခုလိုလွင်မိုးအရူးကိုအဖက်မလုပ်ခဲ့ကိုကြိုဆိုပါတယ်...ပြည်သူထမင်းစားပြီးရွံဘို့ကောင်းလိုက်တာ...ထွီ
Anonymous said…
လွင်မိုးသေနာကောင် သူ့ အဖေခွေးကောင် တင်သန်းဦး နောက် အမြန်ဆုံး လိုက်မယ့်နေ့ ကို မြန်မာပြည်သူများ နှင့်အတူ ကမ္ဘာမှ မြန်မာများ အထူးစောင့်မျှော်နေလျှက်....ဒေါင်းမလေး(မန္တလေး)
Anonymous said…
သူ့ရဲ့ အနုပညာနဲ့ သူ့ရဲ့နိုင်ငံရေးခံယူချက်မဆိုင်ဘူးလေ.ကိုယ့်လိုလိုက်လုပ်ရမယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူးလို့ အမေစုပြောမှာ.သူကြိုက်တာရွေူချယ်ပါစေ..သူ့ကိုအားမပေးချင်တော့တာကလည်း မိမိရွေးရဲ့လွတ်လပ်စွာရွေးချယ်မှု..လူတိုင်းဟာမိမိနှစ်သက်ရာ ပါတီကိုလွတ်လွပ်စွာမဲပေးခွင့်ဟာဒီမိုကရေစီပါ.ခက်တာက နိုင်ငံရေးစိတ်ဝင်တဲ့သူတွေကထောင်ထဲမှာ.စီးပွါးရေးနဲ့အခွင့်အရေးသမားတွေက စစ်တပ်နဲ့ပေါင်းမဲလိမ်မသမာတာကို မသိချင်ယောင်ဆောင်နေတာက ဆိုးတာ.အားပေးဘို့မထိုက်တော့ဘူး...ဘာတဲ့ .သတင်းစာက ရွေးကောက်ပွဲမသမာဘူးလို့မရေးသေးဘူးဆိုပါလား.နားပင်း..မျက်စေ့ကန်းနေတာပေါ့.ဆိုးတာကအဲ့ဒါပါ
ahphyulay said…
အော..........
နောက်ဆုံးတော့  မျက်နှာဖုံးကွာကျပြီကိုး..။
သူကလဲ “ သာကူး ” တစ်ယောက်ပါပဲလား။
Unknown said…
သီးလေးသီး နဲ့ များကွာပါ့ဗျာ
ကျော်သူ နဲ့  ဇာဂနာ တို့ ကို မင်းအတုယူသင့်တယ်ဟ
သေချင်းဆိုး(လွင်မိုး)ရ
Anonymous said…
ကျနော်သာသူ့နေရာမှာဆိုရင်ရှက်လို့သေမိမှာဘဲ။
သရဲလေးကောင်ကသူလောက်မချမ်းသာပေမဲ့နိုင်ငံရေးခံယူချက်ရှိ
သေးတယ်။ အိစုးရကိုမဖားဘူး။ လုပ်ငန်းရှင်တွေကို မဖားဘူး။
ဖြတ်လမ်းကမချမ်းသာကြချင်ဘူးသူသာ တေဇတို့ ။ဇော်ဇော်တို့ကို အားကျပြီး အသဲအသန် အရမ်း ချမ်းသာချင်နေတာကိုး။သူ့ကိုအကြံပေးချင်တာက
မောင်သန်းရွေသမီးဖက်တီးမတယောက်ကို ယူလိုက်ရင်တော့
သူ လုပ်ငန်းရှင်တယောက်ချက်ချင်းဖြစ်မှာသေချာလို့။
Anonymous said…
လူတိုင်းမှာကိုယ်စီဆုံးဖြတ်ပိုင်ခွင့်ရှိကြတယ်၊သူကြိုက်တဲ့
လမ်းကိုရွေးချယ်သွားတာဘဲလေ....
ဒါပေမယ့်တစ်ချိန်တုန်းကနာမည်ကျော်လူကြိုက်များတဲ့
ကိုလွင်မိုးခုတော့လည်း.....ဒီနာမည်ကြီးကသေသွားပြီ
လေ...