fan pages and accounts on FaceBook for Daw Suu



ဒေါ်အောင်ဆန်းစုကြည်အတွက် facebook အကောင့်များ ဖွင့်
မိုးမခအထောက်တော် အမှတ် ၀၁၀
နိုဝင်ဘာ ၁၆၊ ၂၀၁၀

အကျဉ်းစံဘ၀မှ ပြန်လွတ်ပြီး နောက်တနေ့ သတင်းထောက်များနှင့် တွေ့နေသော ဒေါ်အောင်ဆန်းစုကြည်။

အားလပ်ချိန် အလွန် နည်းပါးသော လူထု အသည်းစွဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏ မြန်နှုန်းနိမ့် အင်တာနက်နှင့် ထိတွေ့နေပြီလော ဟူသည်ကို ပြည်ပရောက် မြန်မာ အများအပြားက သိလိုကြသည်။
(photo:Eleven Media Group)

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူများက Facebook လူမှုရေး ကွန်ရက်များ တည်ဆောက်နေကြသည်။

ထိုအထဲတွင် အောင်ဆန်းစုကြည်/ပြည်သူ့အသံ facebook.com/aungsansuukyi.peoplevoices ဟူသော စာမျက်နှာက နောက်ဆုံးပေါ် ဖြစ်လာသည်။ မိတ်ဆွေအဖြစ် သတ်မှတ်ခံရသည့် FaceBook အသုံးပြုသူ ၁၅၀၀ ခန့်ကိုလည်း တွေ့ရသည်။

ထိုအကောင့်ကို ဆက်သွယ်ရန် ဂျီမေးလိပ်စာမှာ အောင်ဆန်းစုကြည်လူငယ် asskyouth @ gmail.com ဖြစ်သည်။

ဒေါ်စု လွတ်ပြီး လူသိများလာသည့် စာမျက်နှာ ဖြစ်သောကြောင့် သူကိုယ်တိုင် ဖန်တီးသည့် FaceBook အကောင့်ဟု ယူဆနေသူများ ရှိနေသည်။

ထိုသံသယများနှင့် ပတ်သက်ပြီး Aye . Mya ဆိုသူက “ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေလေ ဒီနာမည်မြင်တာနဲ့ စိတ်ချမ်းသာတယ်ဟုတ်။ မဟုတ်ခဲ့ရင်တောင် သူ့ကိုလေးစားလို့ လုပ်ထားတဲ့နေရာပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်” ဟု ထိုစာမျက်နှာတွင် မှတ်ချက် ပြုထားသည်။

Myo Kyaw Htun ဆိုသူကလည်း FaceBook တွင် ဖန်တီးထားကြသော ဒေါ်စုပရိသတ်၊ ဒေါ်စုအကောင့် ဆိုသည့် စာမျက်နှာများမှာ ကာယကံရှင်ကိုယ်တိုင်၏ လက်ရာ မဟုတ်ဟု မှတ်ချက်ရေးထားသည်။ Twitter သတင်းကွန်ရက်ကို သုံးရန် စိတ်ကူးခဲ့ကြောင်း၊ နောက်ပိုင်းတွင် မြန်မာလူငယ်များ၏ တိုက်တွန်းချက်ကြောင့် FaceBook သုံးရန် စဉ်းစားနေကြောင်း CNN အင်တာဗျူးတွင် ပြောခဲ့သည်ဟု ရေးထားသည်။

“none of the fan pages and accounts are official .... Just go and listen the interview with CNN .... At first, she planned to join Twitter and then she is considering to join Facebook coz of the proposing of young Myanmar people” ဟု ဆိုသည်။

ဒေါ်စု အမှတ်တရ FaceBook များအနက် အအောင်မြင်ဆုံးမှာ http://www.facebook.com/aungsansuukyi ဖြစ်သည်။ ထိုအကောင့်ကို လန်ဒန်အခြေစိုက် Burma Campaing UK (BCUK) က ဖန်တီးထားခြင်း ဖြစ်သည်။ ပရိသတ် သုံးသိန်းနီးပါး ရှိကြောင်း တွေ့ရသည်။

FaceBook သည် ကမ္ဘာ့ လူကြိုက်အများဆုံး လူမှုကွန်ရက် ၀က်ဆိုက် ဖြစ်သည်။ ကမ္ဘာကျော် သူဌေးကြီး Bill Gates က အချိန်ပေးရလွန်းသည့် FaceBook အသုံးပြုခြင်းကို ရပ်ဆိုင်းကြောင်း ယမန်နှစ်က ကြေညာခဲ့ဖူးသည်။ သို့သော်လည်း ယခုအခါ သူ၏စာမျက်နှာ ပြန်လည် အသက်ဝင်နေသည်။

ဒေါ်စုက သတင်းကွန်ရက် Twitter ကို အသုံးပြုရန် စိတ်ဝင်စားနေကြောင်း သူ့ထံ ထောင်ဝင်စာ တွေ့လေ့ရှိသည့် ရှေ့နေမှတဆင့် ပြောပြီး တလ အကြာတွင် အထိန်းသိမ်းခံဘ၀မှ ပြန်လွတ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၃ ရက်ကမှ အိမ်အပြင်ထွက်ခွင့် ရလာသည့် ဒေါ်စုက အင်တာနက် အသုံးပြုနေပြီဟူသော သတင်းများ ထွက်ပေါ်မလာသေးပေ။

လက်ကိုင်ဖုန်းကိုပင် ယခုမှ အစပြု ထိတွေ့မိသည်ဟု အဆက်မပြတ် ဖမ်းဆီးချုပ်နှောင်ခံနေရသည့် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်စုက ပြောသည်။

“မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်” ဟု တနင်္ဂနွေနေ့က NLD ရုံးရှေ့ရှိ လူထုနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

Comments

Myo Kyaw Htun said…
I did not tell you guys directly. I wrote on Twitter. Can you make it clear?
dornmed said…
အမေစုယောင်ဆောင်ပီးတော့ မလုပ်ပါနဲ့ဗျာ..
nyeinchan thit said…
အစက..အမေစုမှတ်လို့cmtတွေ ရေးနေမိတာ... နောက်တော့လည်းသိပေမယ့်...အမေ့ကိုရည်စူး ပြီး..ရေးတယ်...အမေ မသိပေမယ့်... အမေ့ကိုချစ်တဲ့ လူငယ်တွေရဲ့cmtတွေက လူငယ်တွေကြားအလင်းရောင်တခုကိုလှမ်းမြင်လိုက်၇သလိုပေါ့...တင်ထားတဲ့သူတွေကခုချိန်လောက်ဆိုပွင့်ပွင့်လင်းလင်းဖွင့်ပြောသင့်ပြီထင်တယ်..ဒီလိုဆိုလည်းဘယ်သူကမှအပြစ်တင်မှာမဟုတ်ပါဘူး
Anonymous said…
It is good that Daw Su will have a facebook and electronic communication means. However, I would like to suggest her to announce her site officially. If not, those dishonest people (the government) may use this opportunity to discredit Daw Su or may put wrong messages to deceive people.