လွင်မိုးက ကြံ့ဖွံ့ကို ၀မ်းသာအားရ မဲပေးခဲ့
အကယ်ဒမီ မင်းသား လွင်မိုးက ဗိုလ်ချုပ်ကြီးတို့၏ ကြံ့ဖွံ့ပါတီကို မဲပေးခဲ့သည်ဟု သတင်းထောက်များကို တရားဝင် ပြောဆိုကြောင်း သောကြာနေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်တွင် ရေးထားသည်။
ထိုသို့ မဲပေးရန် ဇနီးသည်ကို ခေါ်ပြီး မြိတ်မြို့သို့ လေယာဉ်ဖြင့် သွားခဲ့သည်ဟု ဆိုသည်။ သရုပ်ဆောင် မေသန်းနု၊ ဇူးဇူးမောင်တို့လည်း ပါသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့က ကျွန်တော့ ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုး၏ စကားကို လျှပ်တစ်ပြက်တွင် တွေ့ရသည်။
လွင်မိုး မဲပေးလိုက်သည့် နိုင်ငံကျော် လုပ်ငန်းရှင် ဦးဌေးမြင့်သည် ရွေးကောက်ပွဲ မတိုင်မီက ကချင်ပြည်နယ်မှ မြေယာ အသိမ်းခံရသည့် တောင်သူ ၄၆ ဦး၏ တရားစွဲခြင်း ခံခဲ့ရသည်။ သို့သော်လည်း ကချင် ပြည်နယ်တရားရုံးက တရားခံအမည် နေရာတွင် ကြံ့ဖွံ့အမတ်လောင်း ဦးဌေးမြင့်ကို ဖြုတ်ပြီး သူ၏ လက်ထောက်တဦး၏ အမည်ကို အစားထိုးရန် ထူးဆန်းစွာ အမိန့်ချခဲ့သည်။
ထိုသို့ နာမည်ပျက် ရှိသည့် လုပ်ငန်းရှင်နှင့် မင်းသားလွင်မိုး မည်သို့ ဆက်စပ်နေကြောင်း မသိရသေးပေ။
မင်းသား လွင်မိုးသည် တခြား လုပ်ငန်းရှင်ကြီး တဦးဖြစ်သူ ဦးခင်ရွှေ၏ ကြံ့ဖွံ့ပါတီ မဲဆွယ်ခရီးတွင်လည်း လုပ်အားပေးခဲ့သည်။
ထိုသို့ ကြံ့ဖွံ့နှင့် နီးစပ်သဖြင့် နောင်တမရဟု စက်တင်ဘာလက အသက် ၄၀ ပြည့်ခဲ့သူ မင်းသားချောက ဆိုသည်။
“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟု သူက ပြောဆိုကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားခဲ့သည်။
ရလဒ် ကြိုသိနေသည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မင်းသားက အကောင်းမြင်သူ ဖြစ်သည်။
“မဲပေးတဲ့နေရာမှာလည်း အဆင်ပြေတာမှ ချောနေတာပါပဲ။ မဲပေးနေတုန်း ထူးခြားချက်ကတော့ တော်တော်များများ မဲပေးကြပါတယ်။ ကျွန်တော်ပေးတဲ့ အချိန်ကဆို မဲတွေတောင် ပြည့်နေပြီ။ နေ့လယ် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးက ပြည့်နေတာပဲ - - သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့ ကျွန်တော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလား အလာကို ကြိုတွေးလို့ ကျွန်တော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်” ဟူသော မင်းသား၏ ပြောဆိုချက်များကို ပေါ်ပြူလာ ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Comments
လွင်မိုးရေ မင်းလိုကောင်မျိုး အမတ်ဝင်ရွေးလို့ကတော့ ငါ့ဆီက မဲတော့မရဘူး ဂဲဘဲရမယ် ...
အဲဒါ သက်သက်ညှာညှာနဲ့ ပြောတာ ....
ရွာနာတယ်ဆိုတာ မင်းတို့လိုကောင်မျိုးကို ပြောတာနေမှာပါ .....
ဘကြီးသာဒင်
နှင်း ဆီဝိုင် ဇာတ်ကား က စ ပြီး ရင်ထဲမှာ အရမ်း ကြိုက်နှစ်သက် ခဲ့ တဲ့ ကိုလွင်မိုး အတွက် အများကြီး ဝမ်းနည်း မိပါတယ်။
Can every one support different parties?
Lwin Moe will be still supported by Burmese people as he is a movie star like Nay Toe, Htet Htet Moe Oo and Wine Suu Khaing Thein,
၁၀တန်းမအောင်ခဲ့ဘူးမဟုတ်လား....ဘာမှ လေ့လာနေစရာမလိုဘူး....
သေချာပေါက်ဖြစ်တယ် စိတ်ချ။
ကြံ့ဖွံ့က ဒါမျိုးရှာနေတာ။။
အဘယ်ကြောင့်ဆိုသော်.... မြန်မာပြည်တွင် တရုတ် ကုလားတို့သည် စစ်အစိုးရအား အတိုက်အခံ လုပ်ခြင်းမရှိပါ။ အဆင်ပြေသလို ကြည့်ကျက်ပေါင်းပီး အခွင့်အရေးရသည့်နက် တရယူတတ်သည်။ ဥပမာ။ ။ ရန်ကုန်မြို့ဝန် ပလီဆောက်ခွင့် ချပေးသလို..
လွင်မိုး၏ အဖိုး ဦးပုဆိုသော ဟိန္ဒူလူမျိုးသည် မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်း ဦးနေ၀င်းလက်ထက်တွင်ပင် ချမ်းသာစွာ နေထိုင်ခွင့်ရသော တဦးတည်းသော နီုင်ငံခြားသား သူဌေး တယောက်ဖြစ်သည်။ စဉ်းစားကြည့်ကြပါ ဦးနေ၀င်းသည် တရုတ် ကုလားများ ချမ်းသာခြင်းကို အားမပေးသော သူဖြစ်သည်။
အကယ်လို့သာ လွင်မိုးသည် ဗမာပြည်ဖွား တိုင်းရင်းသားဖြစ်ခဲ့လျှင် ယခုကဲ့သို့ လုပ်ချင်လဲ လုပ်မည်။ Maybe ပေါ့။
လွင်မိုးရဲ့ အဖေက ဦးမြင့်လွင်။ ၈၈ မတိုင်ခင်က ဗွီဒီယိုအခွေများ ငှားသူ ဖြစ်သည်။ ထိုခေတ်က ထိုလုပ်ငန်း လုပ်ကိုင်သူမှာ ငွေကြေး ဖူလှုံ၊ အာဏာပိုင်များနှင့် ဆက်ဆံရေး ကောင်းမှသာလျှင် လုပ်ကိုင်ခွင့်ရှိသည်။
အသေအချာ ပြောနိုင်တာတခုက အကယ်လို့ အတိုက်အခံတွေ နိုင်ငံတော် အာဏာ ရသွားရင် ဒီလို လူမျိုးတွေက အာဏာရသွားသော အတိုက်အခံများအေပေါ် ကြမ်းတိုက် ဖိနပ်တိုက် ပြီး အောက်ကျိ့ လူအစားတွင် လွင်မိုးမျိုးဆက်က လုပ်ရန် ၀န်မလေးပါကြောင်း။။။အဘယ်ကြောင့်ဆိုသော် သူတို့သည် မူရင်းဌာနေ တိုင်းရင်းသားများ မဟုတ်။
ဘိတ်သား
၁၀တန်းမအောင်ခဲ့ဘူးမဟုတ်လား....
စောက်ရူး
အင်းပေါ့လေ.. ရုပ်ရှင်ကလဲမရိုက်ရ လုပ်သမျှ စီးပွါးရေး လုပ်ငန်း တွေကလဲ အောင်မြင် လှတာမဟုတ်..။ ဌေးမြင့်တို့ ခင်ရွှေတို့ အမြီးကို နာနာဆွဲထားမှ အသက်ရှူပေါက် ချောင်မယ်ထင်သကိုး။
အမတ်တော့ ဖြစ်မဖြစ် မသိ..
စောက်ရူး
သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့ ကျွန်တော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလား အလာကို ကြိုတွေးလို့ ကျွန်တော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်”
how come u feel abt our people' pains , u happy on our pain?
u r not worth of our loving actor..
လူတွေနဲ့ပဲပေါင်းလို့ရမှာပေါ့။ တန်ရာတန်ရှာ ရှာပေါင်းတဲ့လွင်မိုးပါ။ သနားဖို့တောင်ကောင်းသေး။ ခုမှဘ၀မှန်ပေါ်တာပဲ။ သူဘာကောင်လဲ။ ဘာအဆင့်လဲဆိုတာ။
တွေကျွေးတဲ့ထမင်းနဲ့ မင်းသားဖြစ်လာပြီး ဒီလိုမျိုးလုပ်ရက်တယ်။ ဘာတဲ့....လွင်မိုးအမတ် ဟုတ်လား???? ဝေးသေးတယ်ဟေ.....ဝေးသေးတယ်....ခုလိုအာဏာရူးတွေ ရှိတုန်းပဲကောင်းစားမယ်မှတ်ပါ။ သူတို့တွေဂျောင်းရင် ခင်ဗျားလဲ ကောင်းစားမယ်မထင်နဲ့။
တဲ့ဒီမိုကရေစီအခွင့်အရေးတွေကိုခုတုံးလုပ်ပြီးမှတ်ချက်ဝင် ရေးတဲ့သူ(တွေ)ကိုပြောချင်လို့ပါ။
ဒီမိုကရေစီမှာလွတ်လပ်စွာသဘောကွဲလွဲခွင့်၊ပြောဆိုခွင့်ရှိပါတယ်။(အကျယ်အကျယ်တွေမပြောတော့ပါ။ဘာလို့ဆိုရင် သိသိ့ကီးနဲ့ဝင်နှောက်နေတာကို သိနေလို့ပါ။) ဒါပေမယ့် အဲဒီအခွင့်အရေးတွေဟာစည်းကမ်းဘောင်ထဲကပဲဖြစ်ရပါမယ်။ လွတ်လပ်စွာသဘောကွဲလွဲခွင့်ကိုကိုင်စွဲပြီးလူသတ်သ မား။မုဒိမ်းကောင်။အများပြည်သူကိုနှိပ်စက်အနိုင်ကျင့်သူတွေကိုထောက်ခံရင်။အဲဒီ့လူဟာသူထောက်ခံသူတွေနဲ့ တဖွဲ့တည်း။တတန်းတစားတည်းဖြစ်သွားပြီမို့ လူသတ် ကောင်၊မုဒိမ်းကောင်၊ပြည်သူတွေကိုနှိပ်စက်သူလိုဆက်ဆံခံရမှာပါပဲ။
ဒါကို သဘောကွဲလွဲခွင့်ပေးပါလေးဘာလေးနဲ့မိုးကြိုးပစ်ရာထန်းလက်နဲ့လာမကာပါနဲ့။ထန်းလက်ပါ ပါသွားမယ်။
ပြီးတော့ မြန်မာ/ဗမာ ဆိုတဲ့သတ်ပုံကွဲလေးနဲ့ သွေးခွဲ ဖို့ကိုးစားလဲအပိုပါပဲ။အဓိကက စိတ်ဓါတ်အခံပါ။သတ်ပုံကိုမြန်မာစာပညာရှင်တွေလုပ်ကြပါစေ။ဦးနေဝင်းလို “တ” နဲ့“တစ်”။ “လူကောင်းလူတော်” နဲ့ “လူတော်လူကောင်း” တွေကြားကောင်းအောင်ရှောက်ဟစ်မနေပါနဲ့စိတ်ဓါတ်နဲ့အလုပ်ကအဓိကပါ။
ခွေးတောင်မှထမင်းကျွှေးတဲ့လက်ကိုပြန်မကိုက်ဘူး....
တော်တော်ယုတ်ညံ့တဲ့ကောင်....
ကိုယ့်စိတ်နဲ့ကိုယ်လုပ်ပြီး ကြံ့ဖွံ့ခေတ်မကောင်းတော့ရင် ကြံ့ဖွံ့ကခြိမ်းချောက်လို့ဒီလိုပြောတာပါလို့လိမ်မဲ့ အကောင်...
မင်းလိုကောင်..အမတ်မပြောနဲ့...ငါပြောလိုက်ရ..
မင်းအခုသတ္တိရှိရင်..စင်ထိုးပြီးပြည်သူ့ရှေ့ထွက်ကြည့်လိုက်....
ခင်မောင်ရင်
နအဖလုပ်နည်းလုပ်ဟန်ကိုသတိချပ်
စေလိုပါတယ်၊၊အသံကြောင်.ဖားတွေ
အလကားနေရင်းအသေမခံသင်.လို.
ထင်ပါတယ်၊၊ကိုယ်.အနေနဲ.ဘာလုပ်နိုင်
လဲ၊၊ဒီမိုကရေစီပန်းတိုင်ရောက်အောင်
လုပ်တဲ.အခါဘယ်လိုလုပ်ရင်ကောင်းမယ်
ဆိုတဲ.ကိုယ်.အယူအဆ၊၊ဒါတွေကိုအား
ထုတ်သင်.ပါတယ်၊၊
တွေးကြည်.တဲ.အခါ
၁၊၊ရှေ.ပြေးသတင်းတွေကြိုလွှင်./ဖွ
လေ.ရှိပါတယ်၊၊ ၂၊၊ ဘယ်သူတွေ
ဘယ်လိုတုံ.ပြန်သလဲ၊၊တုံ.ပြန်တဲ.သူ
အကုန်ဆွဲတယ်၊၊ ၃၊၊ပြည်သူတွေ
ကြောက်လာတဲ.အထိ၊ အင်အားကုန်
တဲ.အထိရက်စက်စွာပြုမူပြတယ်၊၊ဒါကြောင်.
မည်းမည်းမြင်ရာရမ်းပစ်ခြင်းဟာရန်သူ.
အားသာချက်ဖြစ်စေတယ်လို.ထင်ပါတယ်၊၊
"ignorance to Burmese causes"
"having light-heart on Burmese causes"
"promoting lies/cheating of junta"
"lengthening struggle for Burmese liberation to justice"
ကျောင်းသားတွေကိုသတ်တာဘယ်သူလဲ။ဘုန်းကြီးရဟန်းတွေကိုသတ်တာဘယ်သူလဲ။ကြံ့ဖွတ်နဲ့စစ်သားတွေဘဲဆိုတာ သူသိရက်နဲ့ဇော်ဇော်တို့တေဇတို့ကိုအားကျပြီးခေတ်ပျက်သူဌေးဖြစ်ချင်နေတာသနားစရာဘဲ။
ကျွတ် - ကျွတ်- ကျွတ်..
အခုတော့ ကွာ မင်းက ပြည်သူတွေကျွေးတဲ့မေတ္တာကို ပြန်အန်ထုပ်တဲ့ ကောင်ပဲ.............
အေးလေ မင်းကပညာမှ မတတ်ပဲကို....ဒါကြောင့် မင်းသိအောင်တော့ပြောပြရအုံးမယ်.....................
ခွေးတောင်မှ သခင်ဘာပဲကျွေးကျွေး ပြန်မအန် ဘူးကွ....................မင်း အမတ်မဖြစ်ခင်စဉ်းစားပေါ့  မင်းဘာအကောင်လည်းဆိုတာပေါ့ .......
..နင်သွားလိုက်
တော့
(ထက်ထက်မိုးဦး)
The result will be bitter for him!
မင်း ရဲ.သမီး နှစ် ယောက် ငါ နဲ.တွေ.မယ် ။
ခုတော့ မင်းကို ကြည့်ရင် ချီးပုံကြီးကြည့်ရသလိုပဲ ရွံလိုက်တာ
လွင်မိုးခရီးသွားနေသည်ကိုတေဇကစပွန်ဆာပေးလို့ပါအဲဒီထဲကခွေးမသားကိုကြည့်လိုမရဘူးအခုတော့သူဘဝကိုသူရွေးသွားပါပြီ လုံးဝကိုဘဝဆုံးသွာပါပြီဆယ်တန်းမ
အောင်တဲ့အမတ်ကိုယ်အကျိုးကိုကြည့်တတ်တဲ့အမတ်ကို
ရွေးပါလိမ့်မယ်စောင့်သာနေပါကြောင်ပါးကြီး
ပေးရန်နှင့်စမ်းချောင်းလမ်းရှိစီးပွားရေးအခွေအငှားဆိုင်ကိုအားမပေးရန်တိုက်တွန်းနှိုးဆော်ပေးရန်တာဝန်ရှိနေပါသည်
်
Kyaw Thu, I bow you for whatever you did and what you are doing. KYAW THU YOU ARE A HERO. Lwin Moe, you are a looser.
နင်အဲဒီလောက်ကြောင်ပြီး အောက်တန်းကျမှန်း အခုမှသိတယ်၊ ရွံလိုက်တာ၊
စန္ဒာညိုညိုမြင့် (မဒါ)
ဗျာ... သူ့ လို လူအတွက် ဒေါသထွက်နေရင် ကိုယ်ပဲ နစ်နာတယ်...ဟားဟားဟားဟားဟား...
ဒီမိုကရေစီသဘောအရ ကိုယ်ဟာကိုယ်ဧဧဆေးဆေး
ခင်ဗျားနှစ်သက်ရာကြိုက်ရာမဲပေးလို့ရပါတယ် ။
ခင်ဗျားပါးစပ် ကပြောသွားတာကြီးကတော့ဗျာ
တတိုင်းပြည်လုံးကို စော်ကားပြီးစိမ်ခေါ်လိုက်တာဘဲ ။
လူထုနဲ့ ခင်ဗျားကင်းကွာနေမှန်းသိသာတယ် ။
ဘယ်လောက်ကင်းကွာသလဲ သိရအောင် ။
ကိုယ့်လူတို့ အားလုံးညီပြီလား?
ကိုလွင်မိုးကို ဗြဟ္မဒါဏ် ထားရအောင် ။
သူနားလည်သွားအောင် ။
( ၀ိုင်းပါယ်ထားကြဘို့ ပြောတာပါ ။)
ညီစေနော် ။
အေး
သစ္စာထွန်းကားတဲ့သာသနာရှိတဲ့မြန်မာနိုင်ငံမှာ
လူဖြစ်လာရပြီး ခုတော့ ဒကာကသစ္စာနဲ့ ဝေးပြီ
အသိ အမြင်တွေဖောက်ပြန်နေပြီ ဒကာရဲ့ရှေ့ ရေး
ရင်လေးစရာဘဲ ပြည် သူဆိုတာ ဒကာရဲ့ကျေးဇူးရှင်
တွေပါ မပြစ်မှားကောင်းပါဘူး ဒကာလေး အချိန်မှီ
စကားပြင်လို့ ရပါသေးတယ်။ တောင်းပန်လိုက်ပါ၊
မေတ္တာဖြင့်
ဘုန်းဘုန်း
အရက်သမားဖဲသမားဖြစ်ပါသည်။
ထမင်းကျွေးသောပြည်သူအပေါ်လုံးဝစေတနာမထားခဲ့ပဲ အနုပညာကိုခုတုံးလုပ်ပြီး စီးပွားရှာခဲ့သူဖြစ်ပါသည်။
သူချောင်းသာသွားချင်စိတ်ပေါ်လျှင် ချောင်းသာဇာတ်လမ်းကြံဖန်ရိုက်ကာစရိတ်ငြိမ်းချောင်းသာသွား၊ပွရှုတ်ပြီးပြည်သူ့ငွေကိုလိမ်စားခဲ့သူဖြစ်ပါသည်။
သူထောက်ခံသောပါတီသည် သူလိုမျိုးတူအုပ်စုဖြစ်ပါသည်။