Milkwalkie Burmese Monastery host Kahtina Pwe


 မီဝေါကီးမြို့ ၊ပညာရာမကျောင်းတိုက် ဘုံကထိန်ပွဲတော် ကျင်းပ
မိုးမခအထောက်တော် မီဝေါကီး
နိုဝင်ဘာ ၃၀၊ ၂၀၁၀
ဝစ္စကွန်စင်ပြည်နယ်၊မီဝေါကီးမြို့၊ ပညာရာမကျောင်းတိုက်ဝယ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ တွင် ကထိန်သင်္ကန်းကပ်လှူပွဲ ဘုံကထိန်ပွဲတော်ကို ဗုဒ္မဘာသာနွယ်ဝင်၊ တိုင်းရင်းသားပေါင်းစုံတို့ စုပေါင်းကျင်းပကြရာ၊ မြန်မာပြည်ဖွား ဇာတိသားများသာမက ၊အမေရိကန်ပြည်သူတချို့ပါ တက်ရောက်ခဲ့ကြသည်။
 ပိုလန်နိုင်ငံဇာတိ အမေရိကန်သူတဦးက  ဗုဒ္မဘာသာကို လေ့လာသက်ဝင်သူ တဦးအနေနှင့်  သာမက၊ မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  လွတ်မြှောက်လာမှုကို ကြိုဆိုဂုဏ်ပြုသည့်  အနေဖြင့်ပါ၊ ဝတ္တုငွေများကို ပဒေသာပင်သို့ ကိုယ်တိုင်ကိုယ်ကျ ၊ လာရောက်လှူဒါန်းသွားပါသည်။


ယခင်က ပိုလန်ပြည်သူများ၏ ဘဝနှင့် ယခု  မြန်မာပြည်သူတို့ ၏  ဘဝသည်  တူညီ၍   စာနာအားပေးကြောင်း သူမက ပြောပြခဲ့သည်။ ပညာရာမကျောင်းတိုက်ဆရာတော်က ပြန်လည် ဟောပြောရာတွင် …
  ပိုလန်အပေါ် ရုရှားတို့၏ လွှမ်းမိုးခဲ့မှုနှင့်  လက်ရှိမြန်မာနိုင်ငံ အပေါ် တရုတ်ပြည်၏ ပြုမူဆက်ဆံပုံတွေ တူညီနေကြောင်း ၊သို့သော် အချိန်တန်တော့ သူတို့ပိုလန်ပြည်သူတွေ ထောက်ခံသည့်ပါတီက   အောင်ပွဲခံရသလို မြန်မာပြည်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ပါတီက အောင်နိုင်ရမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အမှန်တရားသည် ဖိနှိပ်မှုအောက်မှာ ကြာရှည်မတည်နေကြောင်း၊ တရားကသာ  မတရားမှုကို အောင်ပွဲခံရမြဲဖြစ်၍ “စမ္မောဟဝေရက္ခတိ၊ ဇမ္မစာရိ” ဟု မြတ်ဗုဒ္မက  ဟောထားကြောင်း စသည်ဖြင့် ပြန်လည် ဟောပြ  ခဲ့ပါသည်။


 

Comments