ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲရေး ဆောင်ရွက်သူ ဦးစိုးမြင့် ကွယ်လွန်
သဘာဝစွမ်းအင် ထုတ်ယူသုံးစွဲရေး ဆောင်ရွက်သူ အင်ဂျင်နီယာ ဦးစိုးမြင့် (အသက် ၆၇ နှစ်) သည် ပြီးခဲ့သည့်လကုန်ပိုင်းက ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။ ပြည်တွင်းပြည်ပမှ မိသားစုဝင်များက ရက်လည်ဆွမ်းကျွေးပွဲများကို စနေနေ့က ပြုလုပ်ကြသည်။
ဦးစိုးမြင့်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်းတွင်လည်း တာဝန်ယူခဲ့သည်။ ကျေးလက်ဒေသ တချို့တွင် သုံးရေ သောက်ရေ ရရှိရေး၊ ရေအား လေအားဖြင့် လျှပ်စစ်ဓာတ် ထုတ်လုပ်ရေး၊ အတွက် ကူညီခဲ့သည်။
ဦးစိုးမြင့်သည် ကွယ်လွန်သူ NLD ခေါင်းဆောင် ဦးကြည်မောင်နှင့် အလွန် ရင်းနှီးသူဖြစ်သည်။
၁၉၉၅ ခုနှစ် နောက်ပိုင်း NLD အခမ်းအနားများ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် လိုအပ်နေသည့် အကူအညီတချို့ ပေးအပ်ခဲ့သည်။
ဦးစိုးမြင့်က မြန်မာပြည်သားတို့ ဆင်းရဲနေရသည့် အကြောင်းကို မိုးမခတွင် ရေးသားတင်ပြခဲ့ဖူးသည်။ ၂၀၀၇ ခုနှစ်က ဖော်ပြခဲ့သော ထိုရေးသားချက်ကို http://moemaka.com/index.php?option=com_content&task=view&id=782&Itemid=86 တွင် ဖတ်ရှုနိုင်သည်။
ပလတ်စတစ်အနောက်(UPVC)များ အတွင်း ရေ ထည့်သွင်းသိုလှောင်ခြင်း၏ ဆိုးကျိုးများအကြောင်း သူ၏ ပြောပြချက်ကိုလည်း http://moemaka.com/index.php?option=com_content&task=view&id=2474&Itemid=87 တွင် တွေ့နိုင်သည်။
ဦးစိုးမြင့်သည် ထင်ရှားသည့် ယောနသန်ဇင်ယော် စာအုပ်ကို ဘာသာပြန်သူ ဓမ္မိက ဦးဘသန်း၏ သားသမက် ဖြစ်သည်။
Comments