Moe Sal Nay - Way of Lives

ဝမ်းရေး
မိုးစဲနေ
ဧပြီ ၁၅၊ ၂၀၁၁
နို့ဆာတဲ့ သား
အမေမျှော်တဲ့
ညနေ။

အမေ
အမေ
အမေ
ဒီတောင်ရိုး
မုဆိုး ပုခုံးပေါ်
သွေးစက်လက်နဲ့ ပါသွားသည်
မျက်ရည် စက်စက်နဲ့ ပါသွားသည်။

Comments