Mar Mar Aye - 382

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် - ၃၈၂
ခြေတော်ရာ
မာမာအေး

မေ ၂၈၊ ၂၀၁၁
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ..

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးလေ ဆရာကြီးပါရဂူအကြောင်းတွေ ပြောဖြစ်နေတော့ ပုဂံမှာ တရားအား ထုတ်တာေ တွရော၊ ဗုဒ္ဓဂါယာမှာ မြတ်ဘုရားရဲ့ခြေတော်ရာကောက်ပြီး လျှောက်ဖူးလာတာတွေပါ သတိရနေရောဘဲ၊ အဲ ... ခြေတော်ရာဆိုတာ ကြားလာရပြန်တော့ တခုသော ခြေတော်ရာပွဲကလေးကို အမှတ်ရမိတာနဲ့ ပြောပါဦးမယ်။

ခြေတော်ရာကို အမှူးထားကျင်းပတဲ့ ပွဲတော်ကြီးကတော့ မကွေးမြို့ရဲ့တဖက်ကမ်း ဧရာဝတီမြစ် အနောက် ဖက်ခြမ်းက မင်းဘူးမြို့ကို ဖြတ်သွားရတဲ့ ရွှေစက်တော်ဘုရားပွဲပါဘဲ။


စက်တော်ရာဘုရား ဦးဆုံးသွားတုန်းကတော့ မူလတောလမ်းမှ တောလမ်းသက်သက်၊ အတက်အဆင်းတောင် သိပ်မညက်သေးပါဘူး၊ ရွှေစက်တော်တောင်ခြေအရောက် ကွေ့ကောက်ရစ်ခွေ ကြည်လင်နေတဲ့ မန်းချောင်း စမ်းရေ ခပ်စပ်စပ်မှာဖြတ်ရလို့ နားနေတဲ့အခါ နနွင်းဝါ၀င်း ၀ါးကပ်ပေါ်ခင်းထားတဲ့ ငါးပေါင်းကျော်တွေဝယ်စား တအားပျော်စရာ စမ်းအိုင်ဝနာနားမှာ ပေါ့။

ရွှေစက်တော်ဘုရား တောင်ခြေအသွားမှာ မန်းချောင်းခေါ်တဲ့ စမ်းပေါက်ချောင်း ကို နှစ်ကြိမ်ဖြတ်ပြီး မှ ရောက် ပါတယ်။ ပွဲခင်းကြီးကကျယ်မှ ကျယ်၊ အနယ်နယ်က ဆယ့်နှစ်ရာသီဈေးသည်တွေနဲ့၊ ချင်းတောင်ပေါ် က ယော နယ်ဆောနယ်က ဈေးလာရောင်းကြ ဈေးလာဝယ်ကြတဲ့ ပြည်နယ်သားတွေလည်း အစုံတွေ့ရပါတယ်။

ဘယဆေးဘက်ဝင် သစ်ဥသစ်ဖုသစ်မြစ်တွေ၊ မုဆိုးတွေ တောလိုက်ပြီး ကိုယ်တိုင်လာရောင်းတဲ့ ကျားရိုးကျား စွယ်၊ သင်းခွေဂျပ်အခွံ၊ တောင်ဆိတ်ဂျို ... ဆိုတာတွေ၊ ညှို့တန်အပြီးပါတဲ့ စပါးကြီးသည်းခြေတွေ တွေ့ရ တယ်။ ယောမည်းအစစ်နဲ့ အရောင်ဆိုးပြီးယက်တဲ့ ယောလုံ ချည်အစစ်ဟာ ဒီလိုပွဲမှာမှ ၀ယ်လို့ရနိုင်တာတဲ့။ မြို့ကသွားကြသူတွေမို့ တောဟာအသစ်အဆန်း ဖြစ်နေတာပေါ့ရှင်။ တောထဲက ဘုရား တနှစ်တခါ ဖူးနိုင်ကြပါ တယ်။

ဗုဒ္ဓစာပေမှာတော့ သီဟိုကျွန်း “သမန္တကုဋ္ဋတောင်ထိပ်”တွင် “မဏိအက္ခိကနဂါးမင်း” တောင်းပန်၍တဆူ ဇမ္ဗူဒီပါ ကျွန်းမှာ “နမန္တာနဂါး မင်း”တောင်းပန်၍ “နမ္မဒါမြစ်”နားတွင်တဆူ၊ “သဗ္ဗဗန္ဓမထောရ်မြတ်” တောင်းပန်၍ “သဗ္ဗဗန္ဓတောင်ထိပ်” တွင် တဆူရယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ခြေတော်ရာ ချထားတော်မူခဲ့တာ သုံးဆူသာ တွေ့ရကြောင်းပါရှင်။ ကျန်တာတွေက ပွားထားတာ .. ထားတာပေမယ့် ဗုဒ္ဓကို ကြည်ညိုသဒ္ဒါနဲ့ ပူဇော်ကြတာဆိုရင် ကုသိုလ်ဖြစ်မှာချည်းပါဘဲ။

မာအေးက ဘုရားပွဲတွေလည်း သီချင်းလိုက်ဆိုခဲ့တာ မဟုတ်လား၊ ဆင်ဖြူကျွန်းမြို့အနီး “ချောင်းထဲ”ခေါ်တဲ့ရွာ က ခြေတော်ရာဘုရားပွဲလည်း ပါတယ်ရှင့်။ ဒါကြောင့် ဗုဒ္ဓခြေတော်ရာ ကောက်ကြောင်းရှာမိတာပါရှင်။ ပွဲကြီး ခင်းထားတာမျိုး ဇာတ်တွေဘာတွေလည်း ရုံသွင်းပါတယ်။ ရွာတောင်ပိုင်းနဲ့မြောက်ပိုင်း “ခြေတော်ရာ အတု - အစစ်”နဲ့ ပွဲလုခင်းတာတွေလည်း ရှိခဲ့သတဲ့ရှင့်။ မာအေးဘယ်ရွာဖက်အပိုင်းကို ရောက်ခဲ့တာလည်းလို့တောင် မမှတ်မိတော့ပါဘူး။

ဆင်ဖြူကျွန်းကလည်း ဧရာဝတီမြစ် အနောက်ဖက်ခြမ်းမှာဘဲ။ ပစ္စည်းသယ်တဲ့ သုံးတန်ကားကြီးတစီးဘဲ ချိုင့်ေ တွ ကျင်း တွေကြား ခရီးသွား နေရတာဆိုလို့ ပွင့်ဖြူမြို့ မြေကျေးရှင်းက မိတ်ဆွေတယောက်ရဲ့ ပစ်ကပ်ကားက လာကြိုပေးပါတယ်။ မာအေး သီချင်းကျောင်းဖွင့်ထားချိန်ဆိုတော့ (၁၉၇၆) နောက်ပိုင်းပေါ့လေ၊ မိဘစိတ်ချတဲ့ သင်တန်းသူတွေကို လက်တွေ့မြင်အောင် ခရီးသွားရင် ခေါ်သွားဖြစ်ပါတယ်။ နယ်က ကျောင်းဆင်းပြီးတဲ့ တပည့်တွေကလည်း မာအေးလာမယ်ကြားရင် နီးလို့ကတော့ ဘယ်နေမလဲ ရောက်လာကြတာဘဲ။ ရန်ကုန်ပွဲဆို အကုန်လိုက်ခဲ့ကြတာလေ၊ အဲဒါတွေ လွမ်းနေရတာပေါ့။

ချောင်းထဲပွဲတုန်းက ချိုချိုသန်းရယ် တွံတေးက ၀င်းလဲ့လဲ့စိမ်းရယ် အတူပါသွားတာ၊ သီချင်းဆိုပြီး ပြန်အလာ တာရိုးပေါ် မြင်းလှည်းမတက်နိုင်လို့ ပြုတ်ပျက်ကျတော့ ချောင်းထဲမှာ ရွှံ့တွေဗလပွနဲ့ မထနိုင်လည်း တ၀ါးဝါး ဘဲ။ မာအေးတွဲခဲ့ရတာ စာပေ လောကထဲက ကိုယဉ်ကျော်စုစည်းလာတဲ့ ရုပ်ရှင်ဂီတအဖွဲ့ပါ။ မင်းသမီး မဖြစ် တတ်ဖြစ်တတ် “ကလီယိုမင်းမင်း” ဆိုတာရယ် ကျွန်းဆွယ်အားကစားမယ်လေး စမ်းစမ်းအေးရယ် အဲဒါဘဲ မှတ်မိတော့တယ်။

မြင်းလှည်းပေါ်ကကျလို့ မထနိုင်တဲ့အခါ အနှိပ်သည်ရှာဘို့ ပြောရပါတယ်။ သူတို့ဆီမှာ အနှိပ်သည်မရှိဘူး။ အနင်းသည် ဘဲရှိတယ်ဆိုပြီး ခေါ်လာပေးတာ ခပ်ပိန်ပိန် အဒေါ်ကြီးတယောက်ပါ။ တကယ်အံ့ဩစရာ ဘဲ။ အောက်အကြေမှာ အနင်းသည်ဆိုတာ ကြားမှမကြား ဖူးတာဘဲနော။ ခြေမကလေး နဲ့ ခြေဖနောင့် ကိုဘဲသုံး ပြီး နင်းပေးတာမျိုးပါ။ ကိုယ့်ကိုယ်ပေါ်မှာ လူတယောက်ရှိနေတာတောင် မသိနိုင်အောင် ကုတင်ဘောင်ကိုင်ပြီး ကိုယ်ဖော့နင်းရှာတာ အံ့စရာပါ။ နာရီဝက်သာသာ တနာရီနီးပါး နင်းပေးပြီးတဲ့အခါ နာတာက်ဥ္တာေ တြေ လ်ာ့ ထော့နဲ့ ထော့နဲ့ မဖြစ်တော့ဘူး။ ဒါကြောင့် အထူးအဆန်း မှတ်တမ်းဝင်ထားခဲ့တာပေါ့။

မာအေးလည်း ကိုယ့်တာဝန်ကျေအောင် လုပ်ရတာနဲ့ မြင်းလှည်းပေါ်ကကျလို့ ခြေနာခဲ့တာနဲ့မို့ လာရင်း အကြောင်းခံ ပွဲခင်းတဲ့ “ခြေတော် ရာ”ကိုဖူးဘို့ရန် အပြန်လမ်းကျမှ ၀င်သွားမိတော့ကာ ရွာကသဒ္ဒါကို ပိုအံ့ဩ လာရပါတယ်။ ဖူးတွေ့နေကျ တခြားခြေတော်ရာပုံများလို ကျောက်သားမှာ ထုဆစ်ထားတဲ့ ပုံတော်မဟုတ်ဖဲ သဲနဲ့ဘိလပ်မြေပေါင်း ပုံလောင်းထားတဲ့ မီးခိုးရောင် ခြေတော်ရာမျိုးတွေ့လိုက်သလားလို့ ပါ။ မနက်မှုန်ရီမှုန်ဝါးမှာ မျက်စေ့မှားတာလား ... မသိတော့ပါဘူးရှင်။ ယာယီမဏ္ဍပ် ကလေးဆင်ထားတဲ့ ချောင်းခြောက်သဲပြင်ပေါ်မှာ ဒီအတိုင်းလေး ပူဇော်ထားတာလေ။ ဒီခြေတော်ရာလေးလောက်ကိုတောင်မှ လုပြီး လှူကြ ပွဲခင်းကြလို့ ရန်စတောင်ပွားခဲ့ကြတယ်ဆိုရင် ဘုရားရှင်စင်စစ်များ ကြွခဲ့လို့ကတော့ ပြောမဖြစ်နိုင်တဲ့ သဒ္ဒါထူးရှင်ေ တွ ပေါ်ဦး မှာလို့ ဗုဒ္ဓကိုရည်မှန်း ကိုယ့်ပြန်လမ်းမှာ မြည်တမ်းသာဓု ခေါ်ခဲ့ရပါတယ်ရှင်။

** (ဂေါတမ မြတ်ဘုရားဂုဏ်မှ )
ဂေါတမ မြတ်ဘုရားဂုဏ်၊ အဟောဝတအံ့ဩမကုန်၊ အင်္ဂီရဿ အယုတ်အလတ်အမြတ်ပိုင်းခြား သုံးပါးဆယ်လီ ပါရမီတော်အဟုန် xxx ခြောက်ရောင်ကွန့်မြူး အံ့ကြူးခန့်ခိုင် ဘက်ပြိုင်နှိုင်းမရ ဂေါတမ မြတ်ဘုရားဂုဏ် xx မျက်မှောင်နှစ်သွယ် အလယ်ဗဟို၊ နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဆွဲ၍ဆန့် လျှင် နှစ်တောင် ခန့်ပင် ရှည် လျား စိန်သားနှစ်သွင် ငွေနန်းချည်မျှင် ဖြူစင်ဝင်းသစ် လင်္ကျာရစ်ခွေ တည်နေ တော်မူပုံ xxx မွေရှ င်တော် အငုံ အဟောဝတ ဂေါတမမြတ်ဘုရားဂုဏ် xxx

ဘီဘီတွင် အသံလွှင့်ခဲ့သည့်ဆောင်းပါးအား ပြန်လည်ကူးယူဖော်ပြပါသည်။

Comments