Papers on Burma Election presented at 21st Anniversary of 1990 Election

၂၁ နှစ်ပြည့် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲနှစ်လည် အင်န်အယ်ဒီပါတီ၏အခမ်းအနားက စာတမ်းများ ထွက်ရှိ
မိုးမခ၊ မေ ၂၈၊ ၂၀၁၁
ယမန်နေ့က ရန်ကုန်မြို့ အင်န်အယ်ဒီပါတီဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ ၁၉၉၀ခုနှစ် ပါတီစုံရွေးကောက်ပွဲ အနှစ် ၂၁ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ အတိုက်အခံနိုင်ငံရေးသမားများက တင်သွင်းတဲ့ စာတမ်းများ ဖတ်ကြားခဲ့ပါတယ်။
ဖတ်ကြားတဲ့စာတမ်းတွေကတော့
တို့ကို အသီးသီး ဆွေးနွေး တင်ပြခဲ့ကြပါတယ်။
ကျန်းမာရေးကြောင့် ဆေးရုံတက်နေရသူ ဦးဝင်းတင်က ၎င်းအသံဖိုင်ကို အခမ်းအနားသို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
၉၀ ရွေးကောက်ပွဲလို့ ခေါ်ဝေါ်ကြတဲ့ လွန်ခဲ့တဲ့ ၂၁ နှစ်က ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးမယ့် ရွေးကောက်ပွဲမှာ အင်န်အယ်ဒီပါတီနဲ့ အတူ တိုင်းရင်းသား ပါတီများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူပါတီများ ပါဝင်ခဲ့ကြပြီး အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပပေးသူ အာဏာသိမ်းစစ်အုပ်စုက အရပ်သားအစိုးရတရပ်သို့ အာဏာလွှဲပေးခြင်း မပြုဘဲ ဒီမိုကရေစီရေး အင်အားစုများကို အနှစ် ၂၀ ကျော် ဖိနှိပ် ဖမ်းဆီး သတ်ဖြတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။
များမကြာခင် လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ၇ ရက်မှာ ရွေးကောက်ပွဲတခုကို အတိုက်အခံနိုင်ငံရေးအင်အားစုများကို မပါဝင်အောင် ကန့်သတ်ပြီး ကျင်းပခဲ့ပြီး ၎င်းတို့ ပြင်ဆင်ထားတဲ့ စစ်အုပ်စုရဲ့ ကြံ့ဖွှံအစိုးရကို ၂၀၁၁ မတ်လ ၃၀ မှာ အစိုးရဖွဲ့စည်းစေခဲ့ပါတယ်။ လက်ရှိ စစ်အုပ်စုရဲ့ ကြံ့ဖွံ့အစိုးရကို မြန်မာပြည်သူတွေသာမက နိုင်ငံတကာကပါ ဒီမိုကရေစီနည်းလမ်းကျတဲ့ အရပ်သားအစိုးရအဖြစ် လက်ခံခြင်း မရှိပါဘူး။

Comments