i ကြက်
မိုးနတ်သား
ဇွန် ၅၊ ၂၀၁၁
အကျွန်တို့ ရွှေဝါပြည့်ဃွဌ်ဃားဘားနန့်တော်ကြီး၌ ကြာတိုက်ဏှင့် ကြက်သွယ်ရေးဝံဂျီးထာန ဆိုသာ ရှိချေ၏။
ဇွန် ၅၊ ၂၀၁၁

ပါဠိဘာသာ၌ စ၏မူလအသံသည် ကြဟု ဆိုကြကုန်သည်က တကြောင်း၊
စာတစောင်ပို့လျှင် နှစ်ပေါင်းအတိုင်းမသိ ကြာတတ်သည်က တကြောင်း၊
ကျေးစေတမန်ခေတ် ခိုတမန်ခေတ်တို့ထက်ပင် သာမြင့်သောသာ ''i ကြက်'' ဆက်ကြောင်းကို အသုံးပြုနေသည်က တကြောင်း၊
ဝန်ထမ်းနေခြင်း မဟုတ်မူဘဲ ဝံလှမ်းသလို နှေးကွေး လေးလံစွာ လှမ်းနေသည်က တကြောင်း၊
ဌာနဟူသည့် အဆင် ပြေချော မွေ့အောင် လုပ်ကိုင် ဆောင်ရွက်ပေးနေသည့် နေရာ မဟုတ် မူ၍ အထာကိုင်ပြီး ''အ'' သွားအောင် ''န'' သွားအောင် လုပ်ဆောင်နေသည်က တေ ကြာင်း၊
ရွှေ ဝါပြည်သားတို့ ကြွား တလူလူဝေနေမှာကို မနာလိုဖြစ်ပြီး လုပ်ပိုင်ခွင့်တွန့်တို ဆုတ်နစ်ကာ နှေးကွေးလေး လံစေမည့် အကြောင်းပေါင်း ထောင်သောင်းကို အကြောင်းပြု၍
နှေးကွေး လေးလံမှုအသရေ ထွန်းပြောင်ရန် အလို့ငှာ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ဝန်ကြီးဌာနကို ကြာတိုက်ဏှင့် ကြက်သွယ်ရေး ဝံဂျီးထာန ဟု ပြောင်းလဲရန် လွတ်တော်တွင် အဆိုတင်ကြတော့မည် ဟူ၏။
၎င်းအနှီဝံဂျီးကို ကြက်နိဿရည်း ကြက်နည်း ဥပဒေသကို တုပသည့်အတွက် ကြက်ဥသဘဟု ကင်ပွန်းတပ်ရန် ရှိချေ၏။
ထို ဤကြက်ဥသဘကြီးသည် မဲဒမြတိုက်၍ တက်လာသလော၊ မဲအာဏာသိမ်း၍ တက်လာသလော ဆိုသည်ကား ထက်ထက်မိုးဦး ဆပ်ပြာမှုန့် ကြော်ငြာလောက်ကမှ စိတ်ဝင်စားဖွယ် မကောင်းလှသဖြင့် မသိရှိပေ။
မဲဒမြတိုက်တက်လာ သည်ဆိုလျှင်တော့ ၎င်းယင်းမဲဒမြတိုက်ခံရသည့် မဲဆန္ဒနယ်သည် သူလုပ်ကိုင် ဆောင်ရွက်နေပုံတွေ မကြည့်ချင် မြင်လျက်သားဖြစ်နပြီး စားပြီးမှန်သမျှ အန်ကျကာ လူ့ဘဝ၌လည်း ဆက်လက် နေလိုကြမည် မထင်တော့ချေ။
ရှေးက ဆက်သွယ်ရေးအတွက် ကျေးကိုစေကြ၏။
ခိုလွတ်ကြ၏။
i ကျေး၊ i ခိုခေတ်ဟု ဆိုရပေမည်။
ကျေးတို့ ခိုတို့ကား တန်းတန်းမတ်မတ် သွားချေသည်။
အခုခေတ် ရွှေဝါပြည့်ဆက်သွယ်ရေးကား i ကြက်တည်း။ တန်းတန်း မတ်မတ်မသွား။ ဟိုဝင်ယက်၊ ဒီဝင်ယက်။ ဟိုချုံတိုး၊ ဒီချုံတိုး။ ချေးကျရာပျော်၏။ လိုရာမရောက်။ ဘယ်သွားေ နမှန်းကို မသိပေ။ ဦးတည်ရာမရှိ။ ရှေ့ကြည့်သွားနေသည် မဟုတ်ပေ။ ယက်နေသည့် ခြေနှင့်မြေကိုသာ ကြည့်သွားနေသည့်အတွက် ခရီးမရောက်။ ရောက်သည့်ခရီးကလည်း လိုရာအရပ် မဟုတ်။ တနေကုန် သွားသော်လည်း ထိုနေရာတဝိုက်တွင် ဝဲလည်ချင် လည်နေတတ်၏။ သူယက်၍ အမှိုက်များပြန်စုနေသည်ကိုမသိဘဲ ယက်ပြီးသားလည်း ပြန်ယက်ချင် ယက်နေတတ်၏။ အစာလည်း မရ။ ဟိုလှည့်သဝေထိုး ဒီလှည့်သဝေထိုးနှင့် အကျိုးမများ၊ အလုပ် မပြီးတတ်သူများကို လူကြီးသူမများက ‘ ဒီကောင်က ချေးကျရာ ပျော်တဲ့ ကြက်လိုဘဲ ’ ဟု ဆို ဆုံးမလေ့ရှိ၏။
ယနေ့ ရွှေဝါပြည့်ဆက်သွယ်ရေးကား နှေး၏။ မနှေးနှေးအောင်ပြု၏။ လေး၏။ မလေးမချင်းဖိ၏။ ဈေးကြီး၏။ မကြီးကြီးအောင်ပြု၏။ ဝေး၏။ ယုတ်နိုင်သမျှ နည်းနာ သုံး၍ လက်လှမ်းမမှီအောင် ပြု၏။
ပြည်သူလူထုကြီးခင်များ ....
ဆက်သွယ်ရေးဝန်ကြီး ဆိုသူကတော့ တိုင်းပြည်ကို i ကြက်ခေတ်ထဲ ပို့နေပါပြီ။
သံပုံးတီးထုတ်ကြမလား။
နိုင်ငံတော်ကို တော်အောင် လုပ်ပါတော့မည် ဆိုသည့် သမ္မတကြီးခင်များ ....
ခင်များ ခန့်ထားသည့် ဝန်ကြီးကတော့ တိုင်းပြည်ကြီးကို လျှော်အောင် လုပ်နေပါပြီ။
ဖြုတ်ပြီး အသစ် ခန့်မလားခင်များ။
ကာကွယ်ရေးဦးစီးချုပ်ကြီးခင်များ ...
နဲနဲပါးပါးလဲ ကြည့်ကျက်ပြောပါအုံး။
အော် ဝန်ကြီး၏ သားမယားများလည်း ကိုယ့်လင် ကိုယ့်အဖေကို ပွားသင့်တာတွေ ပွားစေချင်ပါသည်။
မဟုတ်ရင် ဘယ်မျက်နှာနှင့် လမ်းထွက်ရမှန်းမသိ ဖြစ်နေလိမ့်မည်။
ဆက်သွယ်ရေး ညံ့ဖျင်းတိုင်း လူတွေပါးစပ်က ထွက်လာသည့်အရာများကို သိသည် မဟုတ်ပါလော။
''i ကြက်''နဲ့တော့ မလိုင်မတက်နိုင်ပါခင်များ …………….။
ဒီ့ထက် အရပ်ဆိုး အကျည်းတန်လာလျှင်တော့ ''i ဂဠုံ'' ဟု ပြောကြလေမည်လော မသိပေ။

Comments