Poem- Tin Ko Min Nyo

သစ္စာရှာရာ … လမ်း
တင်ကိုမင်းညို
ဇွန် ၂၃၊ ၂၀၁၁


အနာဂတ်က ပန်းတိုင်ဆိုရင်
စ္စုပ္ပန်တည့်တည့်က နည်းလမ်းဖြစ်တယ် …။

သွေးနဲ့ခင်းတဲ့ လမ်းပေါ်မှာ
ခုခံတည်ဆောက်နေသူတိုင်း
အသက်နဲ့ ရင်းရတာချည်း …။

သူပုန်တယောက်ရဲ့
ဘ၀ သေနတ်တလက်ဟာ
ငြိမ်းချမ်းရေးအတွက်
မျှော်ရည် စီရင်ထားတာဖြစ်တယ် …။

မေမေ့ရဲ့ ငြိမ်းချမ်းရေးတောင်းဆိုသံဟာ
ချစ်သင့်တဲ့ သေနတ်တွေအတွက် ခွန်အား
မုန်းသင့်တဲ့ သေနတ်တွေအတွက် အဖျက်အား

ဒါကို
ကမ္ဘာလောကကြီးက
အပ်ကျမတ်ကျ သိတယ် မေမေ …။

ပန်းချီ - နွေဦးအိုဝေ ကဗျာစာအုပ်မျက်နှာဖုံးပါ ပန်းချီအားအသုံးပြုပါသည်။

Comments