Suu from 54-56 University Avene urged Cease-Fire & Ending of Civil War

၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် အိတ်ဖွင့်စာပို့
မိုးမခ၊ ဇူလိုင် ၂၉၊ ၂၀၁၁
ယမန်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာမှာ မြန်မာပြည်တွင်းမှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို ဖိဆီးတောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကြီး ငြိမ်းအေးအောင် စစ်ရေးအရ မဖြေရှင်းကြဘဲ နိုင်ငံရေးနည်းအရ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် ဖြေရှင်းကြရန်၊ အပစ်အခတ်များ ရပ်စဲကြရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျူိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်တို့အား လိပ်မှု ပေးပို့ထားတာကို တွေ့ရပါတယ်။
အဆိုပါ ဒေါ်စုရဲ့ အိတ်ဖွင့်ပေးစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က သတင်းပြန်ကြားရေးဌာနက တဆင့် ထပ်ဆင့် အများပြည်သူတို့ထံ လိပ်မူပြီး ဖြန့်ဝေလိုက်တာကိုတွေ့ရပါတယ်။ သမ္မတကြီးကလွဲပြီး ကျန်တဲ့ရည်ရွယ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့တွေကိုတော့ ဆက်သွယ်ရေးလမ်းကြောင်းမရှိလို့ အန်အယ်ဒီပါတီက ၀င်ရောက်ထုတ်ပြန်ပေးရတယ်လို့ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပြည်သူတဦးအနေနဲ့ အဆိုပ်ါစာကို ထုတ်ပြန်ထားတဲ့အတွက် အိတ်ဖွင့်ပေးစာရဲ့ ထိပ်စီးမှာ သူရဲ့ လိပ်စာကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ စာကို ဒီနေရာမှာ ရယူပါ။

Comments