Daung Ma Lay (Mandalay) - 8888 Poem

မမေ့အပ်တဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်
ဒေါင်းမလေး (မန္တလေး)
သြဂုတ် ၆၊ ၂၀၁၁


ဒီနှစ် ဒီလ
မေ့မနေနဲ့ သူငယ်ချင်း
ဒီလ ဒီရက်
စစ်ဘီလူး အာဏာရူးတွေရဲ့
ရဟန်း၊ သံဃာ၊ ကျောင်းသူ၊ ကျောင်းသား
အသက်သွေးချွေး ပေးဆပ်ကြတဲ့သူတွေထဲမှာ
မင်းသူငယ်ချင်းလဲပါ ...
ဒို့သူငယ်ချင်းလဲပါ ...
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်မှာ
ဦးဆောင်ဆင်နွှဲ မြန်မာပြည်ငြိမ်းချမ်းရေးပွဲ
ရှစ်ဆယ့် ရှစ်ရဲ့
ခွပ်ဒေါင်းအတွက်
အခုချိန်ထိ သွေးမတိတ်သေးဘူး
သွေးစိမ်းရှင်ရှင် ရှိတုန်းဘဲ
နှစ်ဆယ့်သုံးနှစ်သာ ကြာသွား
ဒို့ရင်ထဲမှာ ပူပူနွေးနွေးဖြစ်နေဆဲ
ဘယ်တော့မှ မေ့မနေကြနဲ့ သူငယ်ချင်းတို့ရေ
ဆယ်ကမ္ဘာကြွေ ဆယ်ကမ္ဘာသေလည်း
ငါတို့ရင်ထဲ အစဉ်စွဲကာ
ဥဒါန်း ဘယ်ခါ ကြေအံ့နည်း။

Comments