Daung Ni - 8888 Poem

ဘဝ ၈၈ ဂါရဝ
ဒေါင်းနီ
သြဂုတ် ၆၊ ၂၀၁၁


အိပ်မက်ဒီရေတွေ တရွေ့ရွေ့ အောင်မြင်စွာ ခွဲခွာ
ဒေါသရင်ကျိုးအင်းတွေသာ တခုပြီးတခု ဖြစ်တည်
ဆန္ဒမိုးမခတောမှာ ပဉ္စမံမြွေတွေ မြူးကခုန်နေကြ၊

သူရဲကောင်း ကြယ်စင်တွေ အတိတ်ပြန်တူးဖော်ဆွ
အာဂ မဟာ လူထုအရေးတော်ပုံ မေ့ချန်ဖုံးမရ
အခါအခါ သိက္ခာရှိစွာ ရှင်သန် ထမြောက်လာရ၊


ဂတိသွေးကျိန်စာ အကြွေးဟောင်း နှစ်ကာလကြာ
ငါတို့ တာဝန် မပြီးဆုံးတဲ့ လက်ကျန် အာရုံလမ်းတွေ
ခေတ်ရဲ့မျိုးဆက်သစ်တွေနဲ့  ယုံကြည်စွာ အာခံ ပျံသန်းနေမြဲသာပ။ ။

ဒေါင်းနီ
ဝ၃- ဝ၈- ၂ဝ၁၁

Comments