Chapel Hill, NC Burmese Community successfully host 88 - 23 Event

မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ရှစ်လေးလုံး (၂၃)နှစ်မြောက် အခမ်းအနား အောင်မြင်စွာကျင်းပ
မိုးမခ အထောက်တော်၊ မြောက်ကာရိုလိုင်းနား
သြဂုတ် ၇၊ ၂၀၁၁

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်၊ Chapel Hill မြို့တွင် ရှစ်လေးလုံး အရေးတော်ပုံ (၂၃)နှစ်မြောက်နေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ထောက်ပံ့ရေးအဖွဲ့မှ ဦးဆောင်ပြီး ၈၊ ၆၊ ၂၀၁၁ ရက်နေ့ ညနေ ၅ နာရီတွင် စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။


 
 
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောင်းသားတပ်မတော်မှ ရဲဘော်ဟောင်းများ၊ ကရင့်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

 
အခမ်းအနားတွင် အလေးပြုခြင်း ၃ ရပ်ဖြင့်စတင်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ တက်ရောက်လာသည့် လူကြီးမင်းများမှ အမှာစကားပြောကြားခြင်း၊ ရှစ်လေးလုံးတိုက်ပွဲတွင် ပါဝင်ခဲ့သူများမှ မိမိတို့အတွေ့အကြုံများအား ပြန်လည်ပြောကြားခြင်းနှင့် ဖြစ်မြောက်ရေးကော်မီတီမှ ကျေးဇူးတင်စကားများပြောကြားပြီး ရှစ်လေးလုံး ကမ္ဘာမကြေ သီချင်းကို စုပေါင်းသီဆိုပြီး ညနေ ၈ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

 
 

Comments