အကျဉ်းသား နှစ်သောင်း လွှတ်ပေးပြီးပြီဟု အစိုးရ ပြောဆို
AFP သတင်းဌာန
စက်တင်ဘာ ၁၃၊ ၂၀၁၁
ကရင်ပြည်နယ်တနေရာတွင် တွေ့ရသော မြန်မာ့တပ်မတော်သားများ၊ ပေါ်တာကျ အကျဉ်းသားများ၊ (Photo: Free Burma Rangers)
AFP သတင်းဌာန
စက်တင်ဘာ ၁၃၊ ၂၀၁၁
ကရင်ပြည်နယ်တနေရာတွင် တွေ့ရသော မြန်မာ့တပ်မတော်သားများ၊ ပေါ်တာကျ အကျဉ်းသားများ၊ (Photo: Free Burma Rangers)ယခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေ့းလိုက်သည့် အကျဉ်းသား နှစ်သောင်းခန့် ရှိသည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အင်္ဂါနေ့တွင် ပြောလိုက်သည်။
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ "၂၀၁၁ ဇူလိုင်လကုန်အထိ ခန့်မှန်းချေ အကျဉ်းသား ၂၀၀၀၀ ကို ထောင် နဲ့ ရဲဘက်စခန်းတွေကနေ လွှတ်ပေးပြီးပါပြီ" ဟု ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောလိုက်သည်။
မည်ကဲ့သို့သော် အကျဉ်းသားအမျိုးအစားများ ဖြစ်ကြောင်းကို သူက အသေးစိတ် ပြောဆိုခြင်း မရှိပေ။
အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၁၇၀၀၀ ကို လွှတ်မည်ဟု မေလတွင် အရာရှိတဦးက ပြောခဲ့သေးသည်။ သို့သော်လည်း အကဲခတ်စောင့်ကြည့်သူတို့ကမူ ထောင်ထဲတွင် နိုင်ငံရေးအရ ထိန်းသိမ်းခံနေရသူ ၂၀၀၀ ထက်မနည်း ရှိနေဆဲ ဟု ဆိုကြသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်ထဲတွင် မြန်မာပြည်အတွင်း လူ့အခွင့်အရေး အခြေအနေတို့ကို ဖော်ပြသွားရာ ICRC ခေါ် နိုင်ငံတကာ ကြက်ခြေနီကော်မတီကို ရေ နှင့် သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းများအတွက် ထောင်များအတွင်း သွားရောက်ခွင့်ပြုထားပြီးဖြစ်သည်ဟု ဆိုသည်။
(ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ လာသော AFP သတင်းကို မိုးမခက ဆီလျော်စွာ ဘာသာပြန်ဆိုသည်)
Comments