Burmese People is in the grip of Regime's Luttaw

လွှတ်တော်လက်ခုတ်ထဲက ပြည်သူ့အသံနဲ့ ဆန္ဒ
တူမောင်ညို၊ စက်တင်ဘာ ၂၃၊ ၂၀၁၁
ရေဘေးဒုက္ခကြုံရတဲ့ပြည်သူနဲ့ ပြည်ထောင်စုဝန်ကြီး ဆက်ဆံပုံတစ်ခု
ဤပုံကိုကြည့်ပါ။ ပြည်သူတွေနဲ့ သူတို့တတွေ တစ်သားတည်း၊ ကြမ်းတစ်ပြေးတည်းမထိုင်ကြဘူး။
 ဒီတော့ ပြည်သူ့ ခံစားချက်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ သူတို့မသိတာ ဘာမျှမဆန်းပါဘူး။

“ပြည်သူ့အသံ- လွှတ်တော်အသံ”
“ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ”
“ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” 
ဆိုသည့် လွှတ်တော်ဆောင်ပုဒ် ကို မေးခွန်းထုတ်ရမယ်။

တကယ့်လက်တွေ့မှာတော့ပြောင်းပြန်ဖြစ်နေပါတယ်။

“လွှတ်တော်အသံ - ပြည်သူ့အသံ”
“လွှတ်တော်ဆန္ဒ - ပြည်သူ့ဆန္ဒ”
“လွှတ်တော်ဆုံးဖြတ်ချက် -   ပြည်သူများ က ဖော်ဆောင်ရွက်”

Comments