MoeMaKa and Friends raised and donated US$ 1280 for Political Activsits & Families

မိုးမခမိတ်ဆွေများ နိုင်ငံရေးအကျဉ်းသားကူညီမှု ၅ သိန်း ၈ သောင်းနဲ့
မြန်မာပြည်သားချင်း ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေ US$ ၅၀၀ စက်တင်ဘာလမှာ လှူ
မိုးမခ၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
မိုးမခမီဒီယာနဲ့ မိုးမခမိတ်ဆွေများရဲ့ မြန်မာ့ဒီမိုကရေစီရေး ကိုယ်ထူကိုယ်ထကူညီမှု ရန်ပုံငွေလှုပ်ရှားမှုရဲ့ စက်တင်ဘာလ အလှူငွေတွေကတော့ အထက်ပါအတိုင်းဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
အယ်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်မှုလုပ်ငန်းမှတဆင့် နိုင်ငံရေးအကျဉ်းသား ၅၄ ဦး အတွက် တလလျင် ကျပ်ငွေ ၁ သောင်းစီ၊ (သီးခြားအလှူရှင် ၂ ဦးက ထပ်ဆောင်းငွေ ၃ သောင်းနဲ့ ၁ သောင်းဖြင့်) ကျပ် ၅ သိန်း ၈ သောင်း လှူပါတယ်။ (ငွေဈေးကတော့ တဒေါ်လာ ကျပ် ၇၂၀ ဖြစ်ပါတယ်)
မိုးမခရဲ့ လစဉ်ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေကတော့ မြန်မာပြည်တွင်းက သက်ကြီးနိုင်ငံရေးသမား၊ အကျဉ်းကျ စာနယ်ဇင်းသမား၊ သပိတ်မှောက် စာပေပညာရှင်များ၊ အကျဉ်းကျသံဃာတော်နဲ့ သက်ဆိုင်ရာမိသားစုများထံ ကောက်ခံရရှိသမျှနဲ့ အမေရိကန်ဒေါ်လာ ၅၀၀ ကို လှူဒါန်းခဲ့ပါတယ်။
မိုးမခက ကောက်ခံရရှိငွေများကတော့ အများပြည်သူရဲ့ ထည့်ဝင်ငွေဖြစ်ပါတယ်။ လက်ခံရရှိသမျှကို မိုးမခက အများကောင်းမှုအဖြစ် လက်ခံဖြတ်ပိုင်းပေးပို့ပြီး ဖြစ်ပါတယ်။

Comments