မြို့ပတ်ရထားလမ်းချော်သဖြင့်
ခရီးသည်များဒဏ်ရာရရှိ
မိုးမခ၊
စက်တင်ဘာ ၂၊ ၂၀၁၁
ယမန်နေ့
နေ့လည် ၁နာရီ ၅၅ မိနစ်ခန့်တွင် အင်းစိန်မှ ရန်ကုန်ဘက်သို့ဆင်းလာသော မြို့ပတ်ရထား
နောက်ဆုံးတွဲ ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားတွင် တိမ်းမှောက်သွားသဖြင့် လိုက်ပါလာသူများ
ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
“ကျန်တဲ့
ရုံးတက်ရုံးဆင်းချိန်ဆို သေနိုင်တယ်။ တွဲလိုက်တဲ့လူတွေပါတတ်တယ်”လို့ အခင်းရထားတိမ်းမှောက်ရာ
နေရာမှ လူတစ်ဥိးက ပြောပြသည်။
အဆိုပါ
ရထားတိမ်းမှောက်မှုကြောင့် လူလေးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာ
နှဖူးအကြီးအကျယ်ကွဲပြီး နောက်တစ်ဦးမှာ ခါးတွင် ဒဏ်ရာရသဖြင့် လူလေးယောက် စောင်နှင့်ထမ်းထုတ်ရသည်ဟု
သိရသည်။ ဒဏ်ရာရသူများမှာ အင်းစိန်ရုံပိုင်၊ ရထားတွဲနှင့်လိုက်ပါသူ ဂတ်ဘိုနှင့်
ခရီးသည်တယောက် ဖြစ်သည်ဟုသိရသည်။
အခင်းဖြစ်ပွားပြီးနောက်
တာဝန်ရှိသူများ၊ နယ်မြေအက်စီဘီများနှင့် လာရောက်သတင်းယူများရှိသော်လည်း စစ်ဆေး
မေးမြန်းမှု မရှိဟုသိရသည်။
“သတင်းထောက်တွေလဲ
လာတယ်။ သူတို့လဲ ဓါတ်ပုံရိုက်တဲ့လူက ရိုက်နဲ့ ဘာမှအစစ်ဆေးမရှိဘူး”
လို့
သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက်ကပြောပြသည်။
“အခုလောလောဆယ်
ပုဂံကိုထွက်မဲ့ ရထားကို အင်းစိန်ဘူတာမှာ ရပ်ထားရတယ်။ အင်းစိန်ဘူတာမှာ
ပုဂံကိုသွားရင် သွားစီးရမယ်။ ”
လို့
မြန်မာ့မိးရထားမှ တာဝန်ရှိသူတစ်ဥိးကပြောသည်။
ထိုနေရာတွင်
နေထိုင်သူတစ်ဦးကလဲ
“
အရင်ကဆိုရင် မကြာမကြာ ဖြစ်နေကြ။ ဒီနေရာကိုလူစားတယ်တောင် ပြောကြတယ်။ မနှစ်ကဆို
ရှေ့က ရထားကိုနောက်က၀င်တိုက်တယ်တဲ့ အဖြစ်တွေ ရှိတယ်"
ဟု
ပြောပြခဲ့သည်။
“
ရထားလမ်းချော်တာက ဇလီဖားတုန်းကို အရှိန်နဲ့ ၀င်တိုက်တာ။ နောက်ဆုံးတွဲက
မှောက်ပြီးတော့ ကျန်နှစ်တွဲက လမ်းချော်သွားတာ ”
ဟု
အနီးအနားမှ မျက်မြင်သက်သေများက ပြောပြသည်။
ယခုလို
တိမ်းမှောက်သည့် ရထားမှာ ရန်ကုန်မြို့ပတ် ၂၉.၅၀ မိုင် ပြေးဆွဲနေသော ရထားဖြစ်ပြီး တိမ်းမှောက်သော
ရထားကို ကြည့်မြင်တိုင်ဘက်မှ ရထားနှင့် လာရောက်တွဲစပ်ကာ ဆွဲယူနေကြောင်းသိရသည်။
မိုးတွင်းတွင်
ယခုလို လမ်းချောမှုများဖြစ်တတ်သော်လည်း ယခုအခါမှာ အနည်းငယ်ဆိုးကြောင်း နှင့်
ယခင်လို ရထားကြောင့်ဖြစ်သည်ဟု အတည်ပြုပြောဆိုရန် မဖြစ်သေးကြောင်း လာရောက်ကြည့်ရှုသူ
ရထားဝန်ထမ်းတစ်ဦးက ပြောပြသည်။
Comments