ဒုတိယအကြိမ်မြောက်ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲ
ဘတ်ဖဲလိုး နယူးယောက်တွင်ကျင်းပ
ထက်ရာဇာ၊
စက်တင်ဘာ
ဒုတိယအကြိမ်မြောက် ဒီမိုကရေစီခွပ်ဒေါင်းအလံတင်ပွဲအခန်းအနားကို
(စက်တင်ဘာ ၂၄) မနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့
မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ပြောက်ကျားစစ်ဝတ်စုံဝတ်ဆင်ထားကြတဲ့
(ABSDF) ကျောင်းသားတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က ဒီမိုကရေစီခွပ်ဒေါင်းအလံကို ဘတ်ဖဲလိုးမြို့ရဲ့
မြို့တော်ခန်းမရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော်သီချင်းနဲ့ လွင့်တင်ခဲ့ကြပါတယ်။
Comments