Saffron Anniversary Protesters arrested at night

ရွှေဝါရောင်နှစ်ပတ်လည် ၀တ်ပြုဆုတောင်းပွဲ ဦးဆောင်သူ အချို့ဖမ်းဆီးခံရ

ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ (ည ၁နာရီ)
၎နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ အချို့ကို ညပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။  ဆူးလေ ဘုရားတွင် ၀တ်ပြုသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့သော အင်္ဂါ ၀တ်ပြုဆုတောင်းသူများ အဖွဲ့မှ  ဒေါ်နော်အုန်းလှနှင့် တွံတေးမှ မစန္ဒာတို့ကို အာဏာပိုင်များက ယနေ့ ညတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
“ မစန္ဒာကို သူ့နေအိမ်မှာပဲ ညဘက်လာခေါ်သွားတယ်လို့သိရတယ်“ဟု နီးစပ်သူတစ်ဥိးက ပြောပြသည်။
ဆုတောင်းပွဲတွင် ပါဝင်သူများအနက် မစန္ဒာနှင့် ဒေါ်နော်အုန်းလှ တို့ကိုသာ ခေါ်ဆောင်သွားသည် ဟု လည်း ယနေ့ည သန်းခေါင်ချိန်အထိ ရရှိသည့် သတင်းများအရ သိရသည်။
“ကိုဝေလုကတော့ ရှိတယ်လို့ သူ့အဖေက ပြောတယ်။ တောင်ဒဂုံက ဦးကြည်လင်းအိမ် ကိုတော့ရဲတွေဓါတ်ပုံလာရိုက်သွားတယ်” ဟုတောင်ဒဂုံရှိ ဆင်းရဲချို့တဲ့မှု တိုက်ဖျက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့သည်။
ဆူးလေတွင် ဦးဆောင် ၀တ်ပြုခဲ့သူ ကိုဟန်ဝင်းအောင်မှာမူ ဖုန်းပိတ်ထားသောကြောင့် အဆက်အသွယ် မရရှိ ဖြစ်နေသည်ဟု ကိုဟန်ဝင်းအောင်၏ မိတ်ဆွေ တစ်ဦးက ပြောပြခဲ့သည်။
တွံတေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မစန္ဒာမှာ ၂၀၀၈ ခုနှစ်က တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၁၃ လ ချမှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ 
 (မိုးမခ နောက်ဆက်တွဲ ပြင်ဆင်ချက် -ဒေါ် နော်အုံးလှ ထိန်းသိမ်းခြင်းမခံရကြောင်း သတင်းထောက်တဦးက ထပ်မံ ပြောကြားသဖြင့်၊ အထက်ပါ ဒေါ်နော်အုံးလှကို ဖမ်းဆီးသည်မှာ မဟုတ်ကြောင်း ပြင်ဆင်အပ်ပါသည်။)

Comments

Anonymous said…
Moe Ma Ka should post the right information. No one is arrested and Naw Ohn Hla was interviewed by RFA. This wrong post should be deleted ASAP.