မြစ်ကြီးနားက “လုံခြုံရေးအရတိမ်းရှောင်လာသူများ”
မိုးမခရဲ့ ဖေ့စ်ဘွတ်မိတ်ဆွေတဦးဆီက
ကောက်နုတ်ချက်၊ စက်တင်ဘာ ၃၊ ၂၀၁၁
မြစ်ကြီးနားရောက်ရင်
မလွဲမသွေတွေ့နိုင်တာကတော့ စစ်ပြေးဒုက္ခသည်စခန်းတွေပါပဲ။ နေရာအနှံ့မှာမြင်နိုင်ပါရဲ့။
ဝိုင်းမော်မြို့နယ်မှာလဲပဲပေါ့။ နေရာတိုင်းလိုလိုမှာ ဘာသာရေးအဖွဲ့အစည်းတွေက
အဓိကကူညီသူတွေပါဘဲ။
စစ်ပြေးဒုက္ခသည် လို့ မခေါ်ရဘူးဆိုလို့ “လုံခြုံရေးအရတိမ်းရှောင်လာသူများ”
လို့ ခေါ်ရပါတယ်။ ကူညီလို့ရဖို့ လိုရင်းမို့ မငြင်းရဲပါဘူးတဲ့။ (ဓာတ်ပုံတွေကလည်း ဖေ့စ်ဘွတ်မိတ်ဆွေဆီကပါပဲ။ ခွင့်ကတော့
မတောင်းမိတာ ခွင့်လွှတ်ပါ)
Comments