the sketch of a river, The Ayeyarwaddy, Art Exhitition) Prees Show


 မြစ်တစင်း၏ ပုံရိပ် ဧရာဝတီပြပွဲ စာနယ်ဇင်းရှင်းလင်း
တာရာဝေယံ၊ ရန်ကုန်၊ စက်တင်ဘာ ၁၆၊ ၂၀၁၁
ဒီနေ့နေ့လည် ၂ နာရီက ရန်ကုန်မြို့ ရွှေတိဂုံမှာ ရှိတဲ့ တော်ဝင်နှင်းဆီ၊ သီရိခန်းမမှာ မြစ်တစင်း၏ပုံရိပ် ဧရာဝတီ (the sketch of a river, The Ayeyarwaddy, Art Exhitition) ပြပွဲနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။



အခမ်းအနားမှူးအဖြစ် မအေးမြကျော် (7 days News Journal) ၊ ပြပွဲစီစဉ်သူ ကိုစိုးဝင်းငြိမ်း၊ သဘာဝပတ်ဝန်းကျင်နှင့် မြန်မာနိုင်ငံငှက်အသင်း ဥက္ကဋ္ဌ တော်ဝင်နှင်းဆီ ဦးစိုးညွန့်၊ သတင်းစာဆရာ ကိုရဲနိုင်မိုး တို့က ဧရာဝတီပြပွဲ ကျင်းပရခြင်းအကြောင်းနဲ့ the sketch of a river, The Ayeyarwaddy စာအုပ်ထုတ်ဝေဖြစ်ပုံကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြတဲ့ စာနယ်ဇင်းသမားတွေနဲ့ ဧည့်ပရိသတ်များရဲ့ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

 ကိုစိုးဝင်းငြိမ်း၊ မအေးမြကျော်
 “ကျနော်တို့ ဒီစာအုပ်ကို ထုတ်ဝေဖြစ်တာက ဧရာဝတီရဲ့ ပုံရိပ်တွေကို အနုပညာရှုဒေါင့်အရ တင်ပြကြတာပါ။ လိုအပ်ချက်တွေ ရှိနေပါလိမ့်မယ်။ ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ။ စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ ဒီပွဲမှာ ပန်းချီကား၊ ဓာတ်ပုံ၊ စာအုပ် စတာတွေ ရောင်းလို့ရတဲ့ ငွေကြေးအားလုံးကိုလည်း သစ်ပင်စိုက်တာ၊ ပရဟိတလုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုသွားမှာ ဖြစ်ပါတယ်။”
ဟု ပြပွဲတာဝန်ခံ ကိုစိုးဝင်းငြိမ်းက ပြောကြားခဲ့ပါတယ်။
 တော်ဝင်နှင်းဆီ ဦးစိုးညွန့်၊ ကိုရဲနိုင်မိုး
တော်ဝင်နှင်းဆီဦးစိုးညွန့်က ဧရာဝတီစာအုပ်နှင့် ပြပွဲအတွက် ၂၀၀၉  ခုနှစ်မှာ ဓာတ်ပုံဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာများ ပါဝင်တဲ့ ခရီးစဉ်တွေမှာ ဧရာဝတီကို မှတ်တမ်းတင်ခဲ့ပုံများကို ပြောပြပြီး သဘာဝအရင်းအမြစ်ကို အလွန်အကျွံသုံးစွဲခြင်းအားဖြင့် ဂေဟစနစ် ယိုယွင်းလာတဲ့ ဧရာဝတီမြစ်အကြောင်းကို တင်ပြခဲ့ပါတယ်။ သူက …
         “ဧရာဝတီမရှိရင် မြန်မာပြည်ဆိုတာလည်း ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ဧရာဝတီကို စောင့်ရှောက်ကြပါ။” ဟု ပြောကြားသွားသည်။
ကိုရဲနိုင်မိုးက စာအုပ်မှာ ပါဝင်ကြိုးပမ်းခဲ့ကြပုံအဆင့်ဆင့်ကို တင်ပြခဲ့ရင်း …
“ ကျနော်က Memoir of the Asia - အာရှ၏ မှတ်တမ်းများဆိုတဲ့ ၀တ္ထုထဲက အဆိုအမိန့်လေးတခုကို အမှတ်ရမိပါတယ်။ “ဘယ်တော့မှ လက်မလျှော့ပါနဲ့” ဆိုတဲ့ စာသားလေးပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

 ထွန်းဝင်းငြိမ်း
 စိုးဝင်းငြိမ်း

        မြစ်တစင်းရဲ့ ပုံရိပ် ဧရာဝတီ ပြပွဲကို အနုပညာရှင် အယောက် ၅၀ ပါဝင်ပြသမှာ ဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း၊ ဂရပ်ဖစ်အတ်နဲ့ ကဗျာရွတ်ဆိုမှုတွေ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အမှတ် ၆၅ မှာ ရှိတဲ့ ဂယ်လာရီ ၆၅ မှာ ၂၀၁၁ စက်တင်ဘာ ၂၂ က ၂၄ ရက်အထိ ပြသမှာ ဖြစ်ပါတယ်။

 တော်ဝင်နှင်းဆီ ဦစိုးညွန့်
 ဇေမောင်သိန်း
 ဇေမောင်သိန်း

ပါဝင်ပြသကြမယ့် အနုပညာရှင်တွေကတော့ - ၀င်းဖေမြင့်၊ ဖေညွန့်ဝေ၊ ဘဋ္ဌေးကြည်၊ ဇော်မောင်၊ ငြိမ်းချမ်းစု၊ ကိုစိုင်း၊ ကြည်သာအေး၊ မင်းမြင့်ခိုင်၊ အောင်ကျော်ဆန်း၊ စန္ဒာခိုင်၊ အေးကို၊ ကျော်လင်း၊ ခေးခေး၊ ထွန်းဆန်း စတဲ့ ပန်းချီဆရာများ၊ ထင်လင်း၊ မိုးမင်း၊ ဖေမြင့်ဦး၊ ငြိမ်းချမ်းစိမ်းလန်း၊ သန်းအောင်၊ ကိုဦး၊ ထွန်းဝင်းငြိမ်း၊ တင်မိုးဝေ၊ မောင်နီဦး၊ မျိုးမြင့်ဆွေ၊ ဦးဇေမောင်သိန်း၊ ဦးစိုးညွန့်။ ဒေါက်တာမောင်မောင်ကြီး၊ လမင်းနိုင်၊ ဂျေမောင်မောင် အမရပူရ၊ အေးမြကျော်၊ ခင်မောင်လေး၊ ထွန်းလင်း၊ ထိန်လင်း (photo life)၊ ကျော်ကျော်ဝင်း၊ မြတ်သန္တာဦး၊ စိုးဝင်းငြိမ်း စတဲ့ ဓာတ်ပုံဆရာများ၊ အော်ပီကျယ်၊ စိုးသော်တာ၊ အောင်မော် စတဲ့ ကာတွန်းဆရာများ၊ ခန့်မင်းထက်၊ မောင်တင်သစ်၊ စောဝေ၊ မင်းထက်မောင်၊ မောင်လင်းရိပ်၊ မိုးဦးဆွေငြိမ်း၊ မနော်ဟရီ၊ မှိုင်း (ဆေး၂)၊  စတဲ့ ကဗျာဆရာများက ကဗျာရွတ်ဆိုကြမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

 မျိုးမြင့်ဆွေ
 ငြိမ်းချမ်းစု

Comments