အာမခံချက် မလိုဘူး၊ ချွင်းချက်မရှိလွှတ်ပေးရမယ်
တူမောင်ညို
စက်တင်ဘာ ၂၁၊ ၂၀၁၁
အခုတလောကြားနေရတဲ့သတင်းတစ်ခုပေါ့။ “နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်မယ်’’
သတင်းက
ဒီမှာတင်ရပ်မနေပါဘူး။
“လွှတ်ပေးလိုက်မယ့်နိုင်ငံရေးအကျဉ်းသားတွေ
ဆူဆူပူပူမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် က အာမခံရမယ်’’ ဆိုတဲ့ အစိုးရရဲ့အာဘော်ဖန်တီးချက်ကနောက်ဆက်တွဲ
ပါလာတယ်။
စိတ်ထဲ
ဖြောင်းကနဲပေါ်လာတဲ့ မေးခွန်းက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးစဉ်က
ဒေါ်အောင်ဆန်းစုကြည် သဘောတူ ညီချက်နဲ့ဖမ်းတာလား။
ဒါဟာ ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ရေးကို
လက်မခံတာဘဲ။ငြင်းပယ်တာပဲ။ ဈေးဆစ်တာပဲဖြစ်တယ်။
ထောင်ကနေ
လွှတ်လာတဲ့အခါ မိမိစိတ်ဝင်စားရာနယ်ပယ်မှာ (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ပညာရေး၊
သဘာဝပတ်ဝန်းကျင် အရေးစသဖြင့်) လွတ်လပ်စွာပါဝင်လှုပ်ရှားမှုကို ကြိုတင်ပိတ်ပင် ကန့်သတ်ထားချက်လည်း
ဖြစ်တယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် က အာမခံချက်ပေးရမှာလဲ။
နောက်တစ်ချက်က
အစိုးရရဲ့အာဘော်ဖန်တီးချက်လို့ ဘာကြောင့်ပြောနိုင်သလဲ။ အချက် ၂
ချက်ကိုအခြေခံပြီးပြောတာပါ။
ပထမတစ်ချက်က
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောတဲ့စကားဖြစ်ပါတယ်။
မစ္စတာ
သောမှတ်အိုဟေးကွင်တားနား ကိုပြောလိုက်တာပါ။ ကွင်တားနား မြန်မာနိုင်ငံခရီးစဉ်
(သြဂုတ်၂၁ မှ သြဂုတ်၂၅ ရက် အထိ)
“နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို
အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေး
ရန်ရှိနိုင်ကြောင်း ”
ဒီပြောစကားက တစ်စုံတစ်ယောက်က အာမခံချက်ပေးရမယ် သို့တည်းမဟုတ်
နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်က ဝန်ခံ ချက်လက်မှတ်ရေးထိုးပေးမှလွှတ်မယ်ဆိုတဲ့
အနက်အဓိပ္ပါယ် သက်ရောက်နေတယ်ဆိုတာ လူပြိန်းတောင်တွေးတတ်ပါတယ်။
ဒုတိယတစ်ချက်က နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ပြောတဲ့စကားဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး Mr.Derek
Mitchell နဲ့ တွေ့ဆုံစဉ်မှာပြောတာပါ။ Mr.Derek Mitchell မြန်မာနိုင်ငံခရီးစဉ်
(စက်တင်ဘာလ ၉ ရက်မှ ၁၄ ရက်နေ့အထိ)
“နိုင်ငံရေးအကျဉ်းသားများနှင်စပ်လျဉ်း၍
နှစ်ဦးနှစ်ဖက် အမြင်သဘောထား ခြားနားလျက်ရှိနေခြင်းအပေါ် မည်သို့ဆောင်ရွက်သင့်သည်ကို
နည်းလမ်းရှာကြံ စဉ်းစားလျက်ရှိပါကြောင်း”
အဲဒီလိုပြောကြားခဲ့တဲ့
အချက် ၂ ချက်ကိုအခြေခံပြီး ဒီသတင်းဟာ အစိုးရရဲ့ အာဘော် ဖန်တီးချက်တစ်ခုဖြစ်တယ်လို့
ကောက် ချက်ချပြီးပြောတာဖြစ်ပါတယ်။
မတရားတာကို
မတရားဘူး။ မမျှတတာကို မမျှတဘူး။ မမှန်တာကို မမှန်ဘူးလို့ ရဲရဲဝံ့ဝံ့ပြောရမှာဘဲ။
တရားဥပဒေစိုးမိုးမှုမရှိရင် တရားဥပဒေစိုးမိုးမှုမရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုရမှာပဲဖြစ်တယ်။
နိုင်ငံရေးအကျဉ်းသားတွေ
အကျဉ်းချခံရတာရဲ့အဓိကအချက်ဟာ သူတို့ရဲ့လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုမှုကြောင့်
မတရားတဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတာဖြစ်ပါတယ်။
လူတိုင်းဟာ မိမိနှစ်သက်တဲ့ အယူအဆကို/ ယုံကြည်ချက်ကို ကိုင်စွဲပြီး မိမိယုံကြည်တဲ့
နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှာပဲ။ ဝင်ရောက်ပြောဆိုရမှာပဲဖြစ်တယ်။
ဖိနှိပ်မှုရှိနေရင်
အုံကြွမှုဆိုတာရှိနေမှာပဲ။ ဒါဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ဆန္ဒနဲ့မှ
တားဆီးလို့မရနိုင်တဲ့ လူမှုဥပဒေသတစ်ခု ဖြစ်တယ်။
“ဖိရင်
ကြွရမှာပဲ၊ ထိရင် ပြန်ချရမှာပဲ’’။
မတရားဖိနှိပ်
အနိုင်ကျင့်တာကို ငုံ့မခံနိုင်ဘူး။
မတရား
ဖိနှိပ်အနိုင်ကျင့်တာကို ခုခံတော်လှန်တာ တရားမျှတပြီး အမြဲတန်း မှန်ကန်တဲ့တရား ဖြစ်တယ်။
နိုင်ငံရေးအရ
တန်းတူရည်တူ ရှိမယ်။ လူမျိုးရေးအရ တန်းတူရည်တူရှိမယ် ဆိုတဲ့ အာမခံချက်သာ တိတိကျကျ ရှိနေပါစေ
ဘယ်သူမှ ဆူဆူပူပူ လုပ်နေမှာမဟုတ်ပါဘူး။ တော်လှန်နေမှာမဟုတ်ပါဘူး။
နိုင်ငံရေးအရ
တန်းတူရည်တူမရှိဘူး။ လူမျိုးရေးအရ တန်းတူရည်တူ မရှိဘူးဆိုရင် ဘယ်ပုဂ္ဂိုလ်က အာမခံချက်ပေးသည်
ဖြစ်စေ/ မပေးသည် ဖြစ်စေ သဘာဝကျကျ ပေါ်ပေါက်လာတဲ့ ဆူပူအုံကြွမှုနဲ့ လူထုတော်လှန်ရေးကို
ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဆူပူအုံကြွမှုတို့၊
လူထုတော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုလားအပ်တဲ့ အရာတွေ၊
ထွေးပွေ့ကြိုဆိုရမယ့် အရာတွေဖြစ်တယ်။
အကြမ်းဖက်ဖိနှိပ်အုပ်စိုးသူတွေကတော့
လူထုလှုပ်ရှားမှု၊ တော်လှန်ရေးနဲ့ တော်လှန်ရေးသမားကို ကြောက်မှာပဲ။
အကြမ်းဆူပူသောင်းကျန်းသူတွေလို့
သရုပ်ဖျက်ကြတာပဲ။ ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်တာပဲ။
ကျနော်တို့အားလုံး
အကျယ်လောင်ဆုံး အော်ဟစ်တောင်းဆိုနေတဲ့ အချက်က “နိုင်ငံရေးအကျဉ်းသားများ အားလုံး
ချွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရေး’’ သာဖြစ်တယ်။
ညွန်း
-
မြန်မာ့အလင်းသတင်းစာ (၂၀၁၁ သြဂုတ် ၂၆ ရက်)
-
မြန်မာ့အလင်းသတင်းစာ (၂၀၁၁ စက်တင်ဘာ ၁၅ ရက်)
Comments