မြန်မာအလုပ်သမား တသောင်းကျော် ထိုင်းရေဘေးကို တိမ်းရှောင်
ဘန်ကောက်ပို့စ်အွန်လိုင်း
အောက်တိုဘာ ၃၀၊ ၂၀၁၁
ဘန်ကောက်မြို့အနီးတ၀ိုက် တွေ့ရသော သယ်ယူပို့ဆောင်ရေး (ဓာတ်ပုံ - getty images)
ယမန်နေ့က ဘန်ကောက် နှင့် အနီးတ၀ိုက် ခရိုင်များတွင် ရေဘေးမှ တိမ်းရှောင်ပြီး ပြည်တော်ပြန်သူ မြန်မာပြည်သားပေါင်း တသောင်းထက်မနည်း ရှိသည်ဟု သိရသည်။ဘန်ကောက်ပို့စ်အွန်လိုင်း
အောက်တိုဘာ ၃၀၊ ၂၀၁၁

အဝေးပြေးဘတ်စ်ကား ၅၀ ကျော်၊ ဗင်ကား ၁၀၀ ကျော်သည် တရားမ၀င် နှင့် တရားဝင် မြန်မာအလုပ်သမားများကို တင်ဆောင်ပြီး မဲဆောက်မြို့သို့ သွားကြကြောင်း သိရသည်။
ကားအများစုမှာ မြန်မာပြည်သားအလုပ်သမားတို့၏ ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ဟု နယ်စပ် အာဏာပိုင်တို့က ပြောသည်။
မဲဆောက်ဒေသသည် မြန်မာပြည်သား အများစု ထိုင်းနိုင်ငံကို အ၀င်အထွက်ပြုရာဒေသဖြစ်သည်။
ဘန်ကောက်နှင့် ထိုင်းအလယ်ပိုင်းဒေသ စက်ရုံများ ရေဘေးဒဏ်သင့်ချိန်မှ အစပြုပြီး မြန်မာပြည်သားများ နေ့စဉ် ပြည်တော်ပြန်နေကြသည်။
ယမန်နေ့က ပြည်တော်ပြန်ပမာဏမှာ အကြီးများဆုံးဖြစ်သည်။
ပြည်တော်မပြန်မီ အလုပ်သမားတို့၏ အချက်အလက် အသေးစိတ်ကို မှတ်တမ်းတင်ထားကြောင်း မဲဆောက်မြို့ လ၀က စစ်ဆေးရေးဂိတ် ရဲဗိုလ်မှူး Yos Waneesorn က ပြောသည်။
မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစု ဆွေမျိုးများကလည်း ၎င်းတို့ပြည်တော်ပြန်ရေး တွန်းအားပေးနေကြသည်။
Comments