ရန်ကုန်ရောက် အင်ဒိုနီးရှားဝန်ကြီးကို လူ့အခွင့်အရေးကော်မရှင် စည်းရုံးရေးဆင်း
မိုးမခအထောက်တော် အမှတ် ဝဝ၂
အောက်တိုဘာ ၂၉၊ ၂၀၁၁
မိုးမခအထောက်တော် အမှတ် ဝဝ၂
အောက်တိုဘာ ၂၉၊ ၂၀၁၁

အင်ဒိုနီးရှားဝန်ကြီးနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် ထိုသို့ စည်းရုံးလိုက်ခြင်းဖြစ်သည်။
"ကော်မရှင်အဖွဲ့ဝင်အားလုံးက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ASEAN ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရေးကို အပြည့်အ၀ ထောက်ခံပါကြောင်း" ပြောကြားလိုက်သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် ရေးထားသည်။
အင်ဒိုနီးရှားဝန်ကြီးသည် ရန်ကုန်ရှိ သမ္မတအကြံပေးအဖွဲ့ရုံးခွဲတွင် အကြံပေးအရာရှိများနှင့် တွေ့ဆုံသည်ဟု သတင်းတွင် ရေးထားသည်။ မည်သည့်အကြောင်းအရာကို ပြောဆိုကြကြောင်း သတင်းတွင် ဖော်ပြမထားပေ။
အင်ဒိုနီးရှားဝန်ကြီးသည် မြန်မာပြည်သို့ ၃ ရက်ကြာ လေ့လာရေးခရီး ရောက်ရှိနေသည်။
ခရီးစဉ်အတွင်း နိုင်ငံရေးလောကမှ ထိပ်သီးများနှင့် တွေ့ဆုံပြီး မြန်မာပြည်လက်ရှိအခြေအနေကို စနည်းနာမည်ဖြစ်သည်။
အင်ဒိုနီးရှား ယခုနှစ်အတွက် ASEAN ဥက္ကဋ္ဌတာဝန် ယူထားသည့်နိုင်ငံ ဖြစ်သည်။
Comments