အဝေးပြောဖုံး
ကေ
အောက်တိုဘာ ၂၁၊ ၂၀၁၁
(သူ့ဘလောက်က ယူတယ်၊ ခွင့်မတောင်း)
ဖေဖေ ရေ
…
ဒီနှစ်တွေထဲ..
အပြောင်းအလဲ များ တယ်
ကမ္ဘာကြီးက
ပူ… လူတွေက ထူ တော့..
ဘယ်သူ့ကို
ကူ ရမှန်း မသိ နိုင် အောင် ပဲ။
အာရပ်နွေဦး မှာ တော့ ..ကျူးရင့်သံ
တွေ ကြား
လွတ်လပ်မူ
တွေ ဖူးပွင့် နေ ပြီလား ပေါ့ …
ဝေါလ်လမ်းမ ကြီး လည်း နံရံ တွေ ပြိုကျ
တော့မလား မသိဘူး ဖေဖေ
၉၉
ရာနှုန်း ပြည်သူ တွေ ကို တော့ ၉၉.၉ ရာနှုန်း မက အနိုင်ရ စေချင် ပါ ရဲ့ …
ဒါပေမဲ့
တော့..ကမ္ဘာကြီးက "လုံး" ဆို .. ဘောလုံး ပွဲ လို ခန့်မှန်းရ တော့ ခက် တယ်
နော်
ဂဒါဖီ ကို မရှူး နိုင် ခင်..စတိဗ်ဂျော့ ကို
.. အရင် ထုတ်ခံ လိုက် ရ တဲ့.. ပွဲ မျိုး ဆို ရင်တော့
ကြည့်
မကောင်း ဘူး ပေါ့။
ဘာပဲ
ဖြစ်ဖြစ်
ပြည်သူတွေ
တခေတ် ရောက်ပြီး .. လူထုက တခါ အလှည့်သာ ဦးမယ်ဆိုရင်တော့
သေပန်းပွင့်
ဖို့ ကမ္ဘာကြီး ပြုံးသွားနိုင် ဦး မှာ ပါ။
( ဟော )
ပြောရင်း ဆိုရင်း …
"အမေရိကန်ဒေသခံတွေ" .. ချီတက် လာနေ
ပေါ့
ကြည့်ပါအုံး- အမေဇုံ ကို
ကယ်တင် ကြ မလို့ တဲ့
"အမေရိကန် ဧည့်နိုင်ငံသား" တွေ
ကရော
အမေဇုံ ကို ထင်းခုတ်..လမ်းလုပ် ပြီး
ဖြတ်မောင်း ဖို့ တော့ မကြံ ကောင်း မစည်ရာ နော်
ဒါနဲ့
ဖေဖေ
ဧရာဝတီကရော..ဘာပြောသေးလဲ
အိမ်ရှေ့ပူတော့
အိမ်နောက်မချမ်းသာ
မချမ်းသာရင်လည်း
နေပါစေ..နောက်ဖေး ပေါက်တော့ မနေချင်ဘူးလေ
အသက်မြစ်ရေတွေ
မြစ်လိုပဲ ရစ်ခွေ စီးဆင်း နိုင် ပါစေ..။
ကြား
ရပြန် ပြီ ဖေဖေ
သမိုင်း
တွေ အထစ် ထစ်.. ထုဆစ် မှတ်ခြစ် ထား တဲ့ ..တက္ကသီလာ မြကျွန်းသာ ကို
ကွန်းခို
ချင်သူ တွေ က.. တလွဲ အလျင် တောင်းနေ ကြ ပြန် သတဲ့ …
အစဉ်အလာ
အမြဲ ကောင်းခဲ့ တာပါ
ဒါဟာ
လည်း မြစ်ကြီး တစင်း ပါပဲ
ပညာ
စမ်းရေ တွေ.. ပတ်ခွေ စီးဆင်း
ဒီတခါ
လည်း..သမီးတို့ငြင်းဆန် ရပြန်ဦးမယ်။
ဖေဖေ
သမီးတို့တွေ
အကောင်းတွေကို မျှော်ရင်း..
အဆိုးတွေအတွက်
ပြင်ဆင်နေတတ်ခဲ့တာ
အတော်ကြာ
ခဲ့ ပြီ နော် ။
ခု ဟာ
ကို တော့ အခင်းအကျင်းသစ် လို့ ပြော ကြ ပြန် တယ်
အသင်းအပင်းတွေသာ
.. မရှင်းမရှင်း ဖြစ်လာသလို
ဘာလိုလို..
ညာ လိုလို
ဘာကို
လိုလို့ … ညာနေ ကြသလဲ မသိ။
တကယ်တမ်းသာ
ရိုးသားကြ စတမ်း ဆို
ကန့်လန့်ကာ
တွေ မလိုဘူး .. တိုင်မာ တွေ မလိုဘူး
တစက္ကန့်တိုင်း
မှာ မျက်ရည် တစက် ကျ တယ်
တမိနစ်
တိုင်း မှာ သောက တခက် ပွေ တယ်
အချိန်
တိုင်း မှာ ဖြစ်ချင်တာ တွေ ဖြစ်သွား နိုင် တယ် လေ။
သမိုင်းတွေ
ကို တပတ်မလည် ချင် တော့ ဘူး
အနိုင်
အရှုံး စာရင်းပဲ သိချင်တော့တာ..
ခက်တာပဲ
ဖေဖေ..
ခေတ်ကြီးက
ယဉ်ကျေးဟန်တွေ ဆောင်လာလေတော့..
သူလည်း
နိုင်.. ကိုယ်လည်း နိုင်ဖို့
သူနိုင်
ကိုယ်နိုင် အပြိုင် လုပ်ရ တော့ မှာ ပေါ့။
နင်-ငါ
.. ရန်-ငါ .. သူ-ငါ တွေ ကြား မျဉ်းသား လို့ မရ လည်း
ငါ့ ကို
ငါ ပဲ "ဘုံ" ထုတ်လိုက် ယုံ
( နင်
ရန် သူ ) ဖြစ်ကျန် လိမ့်မယ်။
ခဏလေး..
ခဏ လေး ဖေဖေ
ဟောဒီမှာ ဘရိတ်ကင်း
နူးစ် တဲ့
အား..
ကမ္ဘာ့ ရန်သူ တယောက်တော့..ကျ ဆုံး သွား ပေါ့
သမီး
ကဗျာ တောင် မဆုံးသေးဘူး.. ဂဒါဖီ တယောက် စတိဗ်ဂျော့ နောက်
လိုက်သွား ခဲ့ ပြီ။
အနှစ် လေးဆယ်
ကျော် မော်ကြွား ခဲ့သူ ကြီး တဲ့ လေ..
ခုတော့..
ရေဆိုးပိုက် ထဲ က..မြွေကြွက် တကောင် လို..၀ိုင်းရိုက်ထား လိုက် ကြ တာ..
တီဗွီ မှန်သားပြင် မှာ လည်း
ဒီသတင်း..
ကွန်ပြူတာ ဖန်သားပြင် မှာ လည်း
ဒီသတင်း
တက်ဗလက် တွေ ထဲ မှာလည်း ရွှပ်
ကနဲ..ရွှပ်ကနဲ လက်ကလေး နဲ့ ချဲ့ လိုက်ယုံ
လေးထောင့်
ပြင် တွေ ကတော့..တိကျ ပုံ ပေါ် ရဲ့ ဖေဖေ။
သိပ်မ
ကြာခင်.. သတင်း စာစောင် .. လေး ထောင့် ဘောင် တွေ ထဲ မလည်း
သေချာ
ပြီ ဆိုတဲ့ အကြောင်း.. ရောင်းကောင်း ကြ အုံးမယ်။
သေချာ
တာ တော့..သေချာပါတယ် ဖေဖေ
ဟိုး
အရင် ဘိုလီးဗီးယား လယ်ကွင်း ထဲ မှာ လို
လက်
တဖက် ကိုတောင် ဖြတ် ယူ ပြ စရာ မလို တော့ ဘူး..
သေချာ
လိုက် သမှ.. ဒီတခါ “ချေ” သေ တာ မှ မဟုတ် တော့ တာ လေ ။
တက်ဗလက်
တွေ ဆို လို့ ပြောရ အုံးမယ် ဖေဖေ..
အင်တာနက်
ခေတ်ကြီး အစီးအဆင်း မြန် လိုက်ပုံ က
သတင်းတွေ
အကုန် ..ခုန်ပျံ ပြီး ကို ရောက်လာ ကြ..
ပေါ့ပ်အပ်..
ဘိပ်အင်.. ဒေါင်းလုဒ်.. ဒရက်ဂ်ျ ဒရော့ပ်..
တြိယာပုဒ်
အကုန် .. မကြည့်ချင် မှ အစုံ
လက်ညိုး
တော့ မတုန် စေ နဲ့..
အတိအကျ..
အဖိ အဖွ.. ထိ တယ်..ကြွ တယ်..အဲဒလို မျိုး ခေတ်..
နားရှုပ်
သွားပြီ လား ဖေဖေ..
လူရှုပ်
ကွန်ယက် ( အဲ …) လူမူကွန်ယက် ဆိုရှယ် နက်ဝက် ဆို တာ ရှိသေးတယ်
ဆက်သွယ်ရေး
တွေ သိပ်ကောင်း သလောက်
ဆက်ဆံရေးတွေ
ပျက် တတ် တဲ့ သာလာယံ ဇရပ် ကြီး လို့ သာ မှတ် ထား လိုက် ပါ ဖေဖေ ရာ..
အင်း..ဘာပဲ
ဖြစ်ဖြစ်..ခေတ်မီ အောင် တော့..
ဖေဖေ့
မျက်နှာ နဲ့.. ဆိုင်းဘုဒ် တခု ထောင်ရင် ကောင်း မလား လို့
(ဟလို
)… (ဟလို) .. ကြားရ လား …ဖေဖေ..
သမီး အီးမေးလ် နဲ့
ပို့ထား လိုက် မယ်။
(အောက်တိုဘာ
၂၀ - အောက်တိုဘာ ၂၁၊ ၂၀၁၁)
Comments