Maung Thara 81 Poem

ရှစ်ဆယ့်တစ်ရဲ. ရှစ်ဆယ့်ရှစ်
ဗုဒ္ဓေါဝါဒဆရာတော်၊ အမေရိက
အောက်တိုဘာ ၂၈၊ ၂၀၁၁
(မောင်သာရအတွက် မွေးနေ့အမှတ်တရကဗျာ)
အများသိတဲ့ မောင်သာရ
တခါတလေ အပြောကဆိုး
မနောကတော့ ရိုးပါရဲ့
သူပြောနေကျ ဂွကျကျ
မန္တလာလေသံနဲ. ဦးဇင်းတဲ့
ပြောပါဗျဆိုတော့…
ကျောင်းသိမ်မှာ အားမရ ရေသိမ်မှာ ပဉ္ဇင်းတက်ချင်တယ် တောင်းဆို…
ကျောင်းမှာမနေ ကိုယ့်ဂေဟာပဲ နေချင်တယ် ထပ်တိုးလို့ဆို…
အမေရိကန် ဘိုးဖွားဂေဟာမှာ တိုးပွားနေတဲ့ ဇရာ မရဏ
သူ့ခဗျာ တကွဲတပြား ဇနီး မယား သမီးသားတွေနဲ့
စစ်အာဏာရှင်ကြောင့် ခွဲခွာခဲ့ရ၊
အခုတော့ "နေပြည်တော်ဒီမိုကရေစီ" နိဒါန်းအစမှာ
ပြည်တွင်း ပြည်ပ သမီး၊သား အစုံအညီနဲ့
ရှစ်ဆယ့်တစ် မွေးနေ.ဖိတ်စာဟာ
ရှစ်ဆယ့်ရှစ်တွေ မလွတ်သေးလို့
သာရအတွက်တော့ သောက ဗျာပါဒပေါ့။  ။

(စာရေးဆရာကြီး မောင်သာရ၏ (၈၁)နှစ် အောက်တိုဘာ ၂၃ မွေးနေ. မဂင်္လာအမှတ်တရ စာသားများနှင့်အတူ ဒကာကြီး စိတ္တသုခ ကာယသုခ ပြည့်စုံ၍ မိသားစုနှင့်အတူ ပျော်ရွင်စွာ အသက်ရာကျော်ရှိပါစေလို့ မေတ္တာပို.သလျှက် - ဗုဒ္ဓေါဝါဒဆရာတော် အမေရိက)

Comments