ဟာ့ဂ်ျခရီးသွားလုပ်ငန်းများ
ဗီဇာနှင့် ပတ်သက်သည့် နစ်နာမှုအတွက် ဆော်ဒီသံရုံးရှေ့ ဆန္ဒဖော်ထုတ်
ခင်နှင်းလွင်၊ ရန်ကုန်။
အောက်တိုဘာ ၂၄၊ ၂၀၁၁
ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ ဟာ့ဂ်ျဘုရားဖူးပွဲ
သွားရောက်မည့် ခရီးသည်များကို ၀န်ဆောင် ပေးသည့် ခရီးသွား ကုမ္မဏီများအကြား ဗီဇာနှင့်
ပတ်သက်၍ လိမ်လည်မှုများရှိနေသဖြင့် ဆော်ဒီသံရုံးတွင် ယနေ့ နေ့လည်၁၁နာရီက သွားရောက် တောင်းဆိုကြသည်။
ဆော်ဒီ အာရေးဗီးယားသံရုံးက ဟာ့ခ်ျဘုရားဖူးသွားမည့် မြန်မာနိုင်ငံသားများကို အခမဲ့ ဗီဇာထုတ်ပေးသော်လည်း
ဗီဇာဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရရှိထားသူ နှစ်ဦးက ငွေကြေးအကျိုးအမြတ်ဖြင့် ပြန်လည်ရောင်းချနေရာမှ
လိမ်လည်မှု၊ ကတိပျက်မှု များပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုမြန်မာနိုင်ငံတွင် ဗီဇာကိုယ်စားလှယ် ရရှိထားသူ
နှစ်ဦးမှာ အာရေးဗီယံ ကုမ္မဏီမှ ဦးမောင်မောင်လွင်နှင့် City Wall ခရီးသွားလုပ်ငန်းမှ
ဦးခင်ရွှေ ၂ ဦးသာ ဖြစ်၍ အခြားသော ခရီးသွားလုပ်ငန်းများက ယင်းတို့ထံမှ ဗီဇာကိုပြန်လည်
ဝယ်ယူရခြင်းဖြစ်သည်။
ခရီးသွားအကျိုးဆောင် ကုမ္မဏီများနှင့်
ဆော်ဒီသံရုံးမှ ဗီဇာပါမစ်ကိုင်ထားသူတို့ နှစ်ဦးသဘောတူ စာချုပ်ဖြင့် ဗီဇာများကို ရောင်းဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ စာချုူပ်ဖြင့် ပြုလုပ်ထားသော်လည်း ခရီးသွားများ ဘုရားဖူးခရီးအချိန်တွင် ဗီဇာပါမစ်ကိုင်သူမှ
ခရီးသွားအကျိုးဆောင် ကုမ္မဏီများ သို့ ရောင်းချ မပေးသဖြင့် ယခုလို ဆော်ဒီသံရုံးတွင်
တောင်းဆိုရခြင်း ဖြစ်သည်ဟု ခရီးသွားလုပ်ငန်း တည်ထောင်ထားသူများက ယနေ့ညနေ ၃နာရီတွင်
Central Hotel တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍
ရှင်းလင်းခဲ့သည်။
ဆော်ဒီသံရုံးမှ မြန်မာနိုင်ငံအတွက်
ဗီဇာ ရှစ်ထောင် ချထားပေးသော်လည်း ဗီဇာ ငါးထောင်ခန့်သာ ချထားပေးရန် အာရေးဗီးယံ ခရီးသွား
ကုမ္မဏီမှ တောင်းဆိုကာ သံရုံးကို စာတင်ခဲ့သည်ဟု သိရသည်။ ထိုသို့ ၀န်ဆောင်ခွင့် ရသူကုမ္မဏီနှင့်
ခရီးသွားလုပ်ငန်းများအကြား ဗီဇာမရောင်းချပေးသော လိမ်လည်မှုများ ရှိနေသည်ဟု သိရသည်။
“ ဗီဇာမရလို့ ကျွန်တော်တို့နဲ့ သဘောတူထားတဲ့
ခရီးသည်တွေကို ပိုက်ဆံစိုက်ပြီး ပြန်လျော်လိုက်ရတာ စီးပွားပျက်ရတယ်။ ဘယ်သူ့မှလဲ သွားပြောလို့
မရဘူးလို့ ” ကရင်ပြည်နယ်ရှိ Big Black Stone ခရီးသွား အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင်
ဦးစနေထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဟာ့ခ်ျခရီးသွား လုပ်ငန်းပေါင်း
၅၀ကျော်ခန့် ရှိပြီး ၂၀၁၁ခုနှစ်တွင် လုပ်ငန်းပေါင်း ၃၅ခုမှာ ဗီဇာမရရှိ ခဲ့ကြောင်း ၊အကျိုးဆောင်
လုပ်ငန်းများက ဗီဇာကိုယ်စားလှယ်ထံတွင် ဗီဇာတစ်ခုလျှင် ဒေါ်လာ ၂၅၀၀နှင့် စာချူပ်ချူပ်ဆို
ရောင်းဝယ်ထားခဲ့ရခြင်းဖြစ်သည်။
ဘုရားဖူးသွားလိုသူများအနေနှင့် ဗီဇာနှင့်လေယာဉ်လက်မှတ်ကို
အမေရိကန်ဒေါ်လာ နှစ်ထောင့်တစ်ရာခန့်နှင့် ၀ယ်ယူရသော်လည်း ၀ယ်ယူလိုသူများသဖြင့် ဒေါ်လာ
လေးထောင်၊ ငါးထောင်ခန့် ပေါက်ဈေးရှိနေကြောင်း ဟာ့ခ်ျခရီးသွား လုပ်ငန်းရှင်များက ပြောသည်။
ယခုနှစ်တွင် ဟာ့ခ်ျဘုရားဖူး ဗီဇာမရသူ
ဦးရေမှာ သုံးထောင်ကျော်ခန့်ရှိကြောင်း သိရသည်။
Comments