ရှမ်းပြည်နောက်ခံ
ဖတ်စရာများအညွှန်း
စာဂျပိုးသာဂိ၊
အောက်တိုဘာ ၂၇၊ ၂၀၁၁
ရန်ကုန်က တူမကြီးက သူတို့အလုပ်ရုံဆွေးနွေးပွဲမှာ ရှမ်းပြည်အကြောင်း
ဆွေးနွေးရတယ်၊ သုတေသနလုပ်ပြီး စာရေးတင်နေရတယ် ပြောတယ်။ သည်တော့ ဦးလေးရေ
ရှမ်းပြည်မှာ စော်ဘွား ဘယ်နှယောက် ရှိသလဲ၊ ပြောပါဦး။ တခြားသူတွေ ပြောကြတဲ့
ရှမ်းပြည်သမိုင်းနောက်ခံလေးတွေ ရှိရင်ပေးပါဦးလို့ မေးလာတယ်။
ဦးလေးကြီးသာဂိကလည်း စော်ဘွားဆိုလို့ လဘက်ခြောက်ကြော်ငြာလောက် သိတာကလား။
မြန်မာ့သမိုင်းစာအုပ်ဆိုလို့ ဗန်းမော်တင်အောင်ရေးတဲ့ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းလောက်
ဖတ်ဖူးတာလေ။ ဒါနဲ့ လက်ထဲမှာရှိနေတဲ့ မေခ အခန်းဆက်ဘာသာပြန်နေတဲ့
သီပေါစော်ဘွားကတော်ရဲ့ မြန်မာပြည်အတွေ့အကြုံစာအုပ် (သမိုင်းနောက်ခံဇာတ်ထုတ်) နဲ့
မကြာမီက ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ရှမ်းပြည်က ၀ါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးရဲ့
ကိုယ်တိုင်ရေး ကိုယ်ရေးအထုတ္ထပ္ပတ္တိ ပီဒီအက်ဖက်ပဲ (သည်မှာ - ) ညွှန်းလိုက်တော့တယ်။
ဟောဒါကတော့ ရှမ်းပြည်စာတမ်းများကို ဦးထွန်းမြင့် (တောင်ကြီး) ပြုစုတဲ့ စာတမ်းများ
စုစည်းထားတာပါ။ (သည်မှာဖတ်)
အခု စကင်ထားတာကတော့ ဦးဝင်းဖေ ဘာသာပြန်တဲ့ စာအုပ်ဗာရှင်က ရှမ်းပြည်အကြောင်း
သမိုင်းနောက်ခံအမှာစာပါ။ (သည်မှာ ဒေါင်းလုပ်ဆွဲပါ)
စာဖတ်သူ ပရိသတ်တွေကလည်း မိမိတို့ သိတဲ့ မြန်မာဘာသာစာအုပ် စာတမ်းများရှိရင် ကွန်မင့်ထဲမှာ
ဝင်ခြစ်ပေးခဲ့ကြပါဦး။ မြန်မာပြည်ထဲကို ဟန်ညောင်ဝေဆိုလား၊ ဘာလား သွားလည်တယ်နဲ့
တူပါတယ်။ အဲဒါကြောင့် ရှမ်းပြည်အကြောင်း စိတ်ဝင်စားသူတွေက ပြောနိုင်ဆိုနိုင်
လေ့လာနိုင်အောင် အလွတ်သင်ကျောင်းများမှာ ဟုမ်းဝခ်တွေ ပေးနေကြတယ်နဲ့ တူတယ်။ ၂၁ ရာစု
ပင်လုံညီလာခံကြီးကလည်း နီးပြီဆိုတော့ မြန်မာပြည်အနှံ့ သန်းကောင်စာရင်းကောက်ပြီး
လူမျိုးစုနဲ့ လူဦးရေ ထူထပ်မှုတွေ ကောက်ထားကြမှ တူတယ်။
အင်း …
တဆက်တည်း သမိုင်းစာအုပ် အီးဘုတ်တွေ စုထားတဲ့ မြန်မာအိုင်အက်စ်ပီက လင့်ခ်ကိုလည်း
ထည့်ပေးလိုက်မယ်။ (သည်မှာယူပါ)
မြန်မာပြည်တွင်းက ဂြိုလ်တုလိုင်း ရှိတဲ့သူတွေက အမြန်ဆုံးနှုန်းနဲ့ ဆွဲချပြီး
ဖတ်ကြပေတော့။ ရေအောက်လိုင်းနဲ့ အင်(တာနက်)သမားတွေကတော့ ဖြေးဖြေးပေါ့။

Comments