Tu Maung Nyo - People Power is the Necessary Answer

လိုနေတာ လူထုစွမ်းအား
တူမောင်ညို
၁၅၊ အောက်တိုဘာ၊ ၂၀၁၁
ပါးစပ်ကပြောတဲ့စေတနာကိုလက်တွေ့လုပ်ရပ်ကနေ မျက်ဝါးထင်ထင်ပေါ်ထွက်လာတဲ့ အကျိုးသက်ရောက်မှုနဲ့တိုင်းတာကြရ မယ်၊စစ်ဆေးကြမယ်မဟုတ်ပါလား။ စေတနာနဲ့ အကျိုးသက်ရောက်မှုတစ်ထပ်တည်းကျရမယ်ဆိုတဲ့စကားရှိတယ်လေ။
အောက်တိုဘာလ(၁၂) ရက်နေ့က “သောင်းပြောင်းအကျဉ်းသား” (၆၃၅၉) ဦး လွှတ်ပေးလိုက်တယ်။
အဲဒီ “သောင်းပြောင်းအကျဉ်းသား”တွေထဲကနေ“နိုင်ငံရေးအကျဉ်းသား(ဝါ) ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ” တွေ ကို “ရွှေလိုကျင်ယူ”ကြရတယ်။ (NLD) က ပြုစုတဲ့စာရင်း (၁၈၄) နဲ့ The Voice Weekly ကပြုစုတဲ့စာရင်းက(၂၀၆) ဦးဆိုပြီး ထွက်ပေါ် လာပါတယ်။
“သောင်းပြောင်းအကျဉ်းသား”(၃၆၅၉) ထဲမှာ “နိုင်ငံရေးအကျဉ်းသား(ဝါ) ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူ” (၂၀၆)ဦးသာပါတယ်ဆိုတဲ့အချက်ပါပဲ။ သူတို့စေတနာကို ဒီကိန်းဂဏန်းရလဒ်က အထင်ကရဖေါ်ပြနေပါတယ်။ဒါဟာကိန်းဂဏန်းဆိုင်ရာ ဘက် ကနေမြင်တွေ့ရတဲ့အချက်ဖြစ်ပါတယ်။
ဒါကြောင့်ယခုလို ကနဦးကောက်ချက်တစ်ခုချထားနိုင်ပါလိမ့်မယ်။ စစ်တပိုင်းအစိုးရ၊သမ္မတဦးသိန်းစိန် အစိုးရရဲ့ ပြုမူလုပ် ဆောင်နေတဲ့ အချက်တွေကိုကြည့်တဲ့နေရာမှာအရေအတွက်သက်သက် ဘက်ကချည်းကြည့်လို့မရနိုင်ဘူး၊ အကဲဖြတ်လို့မရနိုင်ဘူးဆိုတဲ့အချက်ပါပဲ။
အခြားဘက်တစ်ဘက်ဖြစ်တဲ့ဘယ်သူတွေကို ဘယ်လိုသဘောထားပြီး၊ ဘယ်လိုပုံစံနဲ့ လွှတ်ပေးလိုက်သလဲဆိုတဲ့ ဘက်ကကြည့်တဲ့အခါမှာလည်း အခုလိုမြင်တွေ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်(၄၉/၂၀၁၁) မှာအခုလိုရေးသားဖေါ်ပြထားတယ်။
အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ကိုယ်လက်အဂါင်္ချို့တဲ့သူများအပါအ၀င်အကျဉ်းသားများ အားလုံး ထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကိုကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသောအကျဉ်းသားများအား နိုင်ငံတော်အစိုးရ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီလွတ်ငြိမ်းချမ်းသာခွင့်ပေး” တယ်လို့ဖေါ်ပြထားပါတယ်။
(အင်းစိန်အကျဉ်းထောင် ဂိတ်ဝတွင် စောင့်ဆိုင်းနေသူများ၊ မိသားစုများကို အစိုးရက ကြိုတင်အကြောင်းခြင်းမရှိသဖြင့် အားလုံးက ညမိုးချုပ်သည်အထိ စောင့်မျှော်နေခဲ့ရသည်)

ပြည်တွင်းပြည်ပနဲ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစုက တောင်းဆိုတာနေတာက “နိုင်ငံရေးအကျဉ်းသား(ဝါ)ယုံကြည် ချက်ကြောင့် အကျဉ်းချခံနေရသူ” အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေးဖြစ်ပါတယ်။လွတ်ငြိမ်းချမ်းသာခွင့် (၄၉/၂၀၁၁) အထဲ မှာဖေါ်ပြထားတာက“တည်ဆဲဥပဒေများကိုကျူးလွန်ဖောက်ဖျက်ခဲ့သူများ” ဟူ၍သာဖေါ်ပြထားပါတယ်။
ဒါဟာပထမအချက်အနေနဲ့ ပြည်တွင်းပြည်ပနဲ့နိုင်ငံတကာက “နိုင်ငံရေးအကျဉ်းသား (ဝါ)ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေ ရသူများ” ဆိုတဲ့ ရည်ညွှန်းသတ်မှတ်တောင်းဆိုနေတဲ့အချက်ကိုလက်မခံ၊ ထပ်မံပယ်ချလိုက်တာဖြစ်ပါတယ်။
ဒုတိယအချက်က“နိုင်ငံရေးအကျဉ်းသားများနှင်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အမြင်သဘောထားခြားနားလျက်ရှိနေသေးတယ်” ဆိုတဲ့ အချက်ကို ထပ်မံအတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။
ဘာလို့ဒီလိုပြောနိုင်တာလဲဆိုတော့ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး က လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းမြန်မာနိုင်ငံသို့လာရောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာညှိနှိုင်းရေးမှူး Mr.Derek Mitchell ကိုယခုလိုပြောခဲ့ဖူးတဲ့ အချက်ကိုသာဓကပြုပါတယ်။
“နိုင်ငံရေးအကျဉ်းသားများနှင့်စပ်လျဉ်း၍နှစ်ဦးနှစ်ဖက် အမြင်သဘောထား ခြားနားလျက်ရှိနေခြင်းအပေါ် မည်သို့ဆောင်ရွက်သင့်သည်ကို နည်းလမ်းရှာကြံစဉ်းစားလျက်ရှိပါကြောင်း” တဲ့။
အခုအခါမှာသူတို့စေတနာနဲ့ သူတို့လုပ်ရပ်၊ သူတို့အပြောနဲ့ သူတို့သဘောကို အားလုံးမျက်ဝါးထင်ထင်တွေ့ကြရပြီ။
သိပ်ပြီးအကောင်းမြင်လွန်းကြသူအချို့ပင် ကိုယ်ရှိန်သပ်နေကြရပြီ။
မြစ်ဆုံဆည် တည်ဆောက်ခြင်းကိုမပြုလုပ်စေဘဲရပ်ဆိုင်းထားမည်ဖြစ်ပါသည်” ဆိုတဲ့ သမ္မတသဝဏ်လွှာကြေညာစဉ်ကလို ဘယ်သူမှမိုးတစ်လုံး၊ လေတစ်လုံးလုပ်ပြီး မချီးကျူးဝံ့တော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
သမ္မတသဝဏ်လွှာနဲ့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်(၄၉/၂၀၁၁) ဟာ တစ်ခုနှင့်တစ်ခု ၁၂ ရက်ခန့် သာကွာခြားပါတယ်။
“နိုင်ငံရေးအကျဉ်းသား(ဝါ)ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ” ဆိုတဲ့ကိစ္စဟာ သဘောထား ကျနော်တို့ပြောပြောနေတဲ့ (political will) ပြဿနာ၊ အမှန်တကယ်တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာ၊နိုင်ငံရေးကိစ္စဖြစ်ပါတယ်။ လက်ရှိတည်ရှိနေတဲ့ အရှိတရား တခုလည်းဖြစ်ပါတယ်။
ထင်ရှားပေါ်လွင်နေတဲ့အချက်ကစစ်တပိုင်းအစိုးရ၊သမ္မတဦးသိန်းစိန်အစိုးရကဒီအချက်ကို ပြည့်ပြည့်ဝဝ လက်ခံနိုင်ခြင်းမရှိသေး ဘူး၊ ညှိနှိုင်းဆွေးနွေးလို့မရသေးဘူးဆိုတာပါပဲ။
ဒါ့အပြင်လွတ်ငြိမ်းချမ်းသာခွင့်(၄၉/၂၀၁၁)မှာ ဖေါ်ပြပါရှိတဲ့ သဘောထားကလည်း တည်ရှိနေတဲ့ပြဿနာကိုလက်ခံဖြေရှင်း လိုတဲ့ပျော့ပြောင်းတဲ့ သဘောထားနဲ့ပြေလည်မှုကို ရှာဖွေမယ်ဆိုတဲ့သဘောထားမဟုတ်ဘဲ။တစ်ဖက်သတ်တင်းမာမှုကို ဆက်လက်ကိုင်စွဲ ထားနေဆဲဖြစ်တယ် ဆိုတာကို ဖေါ်ပြနေပါတယ်။
ပုံမှန်ရှိတဲ့ပါတီစုံဒီမိုကရေစီစနစ်တစ်ရပ်ဟာ သဘောထားအမြင်ကွဲပြားမှု၊ လွတ်လပ်စွာယုံကြည်မှု၊လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုနိုင်မှု၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းလှုပ်ရှားနိုင်မှုစတဲ့ မတူကွဲပြားမှုတွေကို လေးလေးစားစား လက်ခံကြတဲ့စနစ်ဖြစ်ပါတယ်။
ဒီအချက်တွေကိုလက်ရှိသမ္မတဦးသိန်းစိန်အစိုးရရဲ့ “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” ကလက်မခံလိုဘူး၊ လက်မခံ နိုင်ဘူးဖြစ်နေပါတယ်။ ဒါဆိုရင် ဒီလို မတူကွဲပြားမှုတွေကိုလက်မခံနိုင်တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ အဲဒီစနစ်ကို ဖေါ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို အများပြည်သူက လက်မခံငြင်းဆန်နေကြတာဟာတရားမျှတပြီးမှန်ကန်တယ်လို့ပြောရ မှာပါ။
ဒီစနစ်နဲ့ဒီလိုအခြေခံဥပဒေဘောင်ထဲမှာ ကျနော်တို့ နိုင်ငံရေးလှုပ်ရှားမှုတွေကိုငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်၊ လပ်လပ် လုပ် ဆောင်ဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်/ရနိုင်မှာလဲ။
သမ္မတဦးသိန်းစိန်အစိုးရရဲ့လိုက်လျောမှုဆိုတာ တစ်ဝက်တစ်ပျက်လိုက်လျောမှု၊ တစ်စိတ်တစ်ပိုင်းလိုက်လျောမှုမျိုးသာဖြစ်တယ် ဆိုတဲ့အချက်ကို သတိပြုကြရပါလိမ့်မယ်။ “ထောင်မြင်ရာစွန့်”တဲ့ လိုက်လျောမှုမျိုးသာလျှင်ဖြစ်တယ်။
(အချုပ်အနှောင်မှ လွတ်သူများကို အစိုးရ၏ဘဏ္ဍာငွေထဲက တဦး ငွေ ကျပ် ၁ထောင် ထုတ်ပေးသည်)
“ဧရာဝတီမြစ်ဆုံအရေး”ကို စစ်တပိုင်းအစိုးရက လိုါက်လျောလိုက်ရတာဟာ “ ပြည်သူလူထု အင်အားတစုံတရာစုစည်းလာတဲ့အတွက်” ကြောင့်၊ မတတ်သာလို့၊ မလွှဲမရှောင်သာ လိုက်လျောလိုက်ရခြင်းမျိုးသာဖြစ်ပါတယ်။ဘာကြောင့် ဒီလိုခပ်မြန်မြန်လိုက်လျောရ တာလဲ။
“ဧရာဝတီမြစ်ဆုံအရေး”လှုပ်ရှားမှုကနေ လူထုအင်အားပိုမိုစုစည်းလာပြီး၊ ပိုမိုအင်အားကြီးထွားလာမှာနဲ့ တနွယ်ငင်တစင်ပါဆိုသလို ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိချက်ချင်းလွှတ်ပေးရေး၊တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ကိစ္စတွေဘက် ကို ပူးပေါင်းကူးစက် ပျံ့နှံ့သွားမှာစိုးရိမ်ထိပ်လန့်တဲ့အတွက်ဖြစ်ပါတယ်။
အနှစ်သာရအရပြောရရင်ပိုမိုကြီးကျယ်အားကောင်းလာမယ့် လူထုလှုပ်ရှားမှုကြီးအထိ ကူးစက်ရောက်ရှိမသွားအောင်လမ်းခု လတ်ကနေ ပရိယာယ်သုံးပြီး တားဆီးလိုက်တာလည်းဖြစ်တယ်။
“နိုင်ငံရေးအကျဉ်းသား(ဝါ)ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူ” အားလုံး ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆိုချက်ကိုလည်း “သောင်းပြောင်းအကျဉ်းသား” (၃၆၅၉)ဦး လွှတ်ပေးတဲ့အထဲမှာ (၂၀၆) ဦးခန့် ထည့်ပေးလိုက်ပြန်ပါတယ်။
ဒီတော့“ဧရာဝတီမြစ်ဆုံအရေး” ၊ “နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး” တောင်းဆိုလှုပ်ရှားမှုတွေ အပေါ်ကနေအဖြေထုတ် ကြည့်မယ်ဆိုရင် ဒိထက်ပိုပြီးညီညွတ်တဲ့၊ ပိုပြီးကျယ်ဝန်းတဲ့၊တပြည်လုံးအတိုင်းအတာဆောင်တဲ့ လူထုစွမ်းအား၊ လူထုလှုပ်ရှားမှု တစ်ရပ် အပူတပြင်းလိုအပ်နေပြီဆိုတဲ့အချက်ကိုကျနော်တို့တွေ့မြင်လာရပါတယ်။ လူထုပိုမိုနိုးကြားလာအောင်၊ လူထုပိုမိုပါဝင်လှုပ်ရှားလာအောင်အရှိန်မြှင့်လုပ်ဆောင်ရလိမ့်မယ်ဆိုတာမြင်တွေ့လာနေရပါတယ်။
လိုချင်တဲ့၊လိုလားတဲ့ အခွင့်အရေးတွေပြည့်ပြည့်ဝဝ၊ မြန်မြန်ဆန်ဆန်ရရှိစေဖို့အတွက်ကျနော်တို့ပြည်သူတွေဘက်က ကြီးမား ကျယ်ပြန့်ပြီး၊ တပြည်လုံးအတိုင်းအတာဆောင်တဲ့“လူထုစွမ်းအား” ဖေါ်ထုတ်ပြသရပါလိမ့်မယ်။
“ခဏကြီး”နေပါဦး။ “ခဏလေး” စောင့်ပါဦးဆိုပြီး၊ ထိုင်စောင့်နေလို့ဖြစ်တာမဟုတ်ပါဘူး။
ဒီလိုကြီးမားကျယ်ပြန့်ပြီး၊တပြည်လုံးအတိုင်းအတာဆောင်တဲ့ “လူထုစွမ်းအား ဖေါ်ထုတ်ပြသနိုင်ဖို့ အရေး”နှောင့်နှေးနေမယ်၊ ကြန့်ကြာနေမယ်၊ ပျက်ကွက်နေဦးမယ်ဆိုရင်တော့ သူတို့ပေးသမျှကို“ကြိုဆိုပါကြောင်း၊ ကျေးဇူးတင်ပါကြောင်း” ပြောနေရတဲ့သံသရာထဲ မှာတဝဲလည်လည်ဖြစ်နေရပါလိမ့်ဦးမယ်။
ဒီတော့ဗျာ - “ကုန်းတော့မခံဘူး”၊“ရုန်းကန်မယ်”ဆိုတဲ့ “၈၈အရေးတော်ပုံစိတ်ဓါတ်” နဲ့ ကျနော်တို့ လှုပ်ရှားကြရလိမ့်မယ်။

ညွန်း
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁စက်တင်ဘာ ၁၅ ၊ စာမျက်နှာ ၆)

Comments

myanmar e book said…
you come into burma .we together fight for revolution ok?